ဆစ်ဒနီမြို့

From Wikipedia, the free encyclopedia

ဆစ်ဒနီမြို့
Remove ads

ဆစ်ဒနီမြို့သည် ဩစတြေးလီးယားတိုက် နယူးဆောက်ဝေးပြည်နယ်၏ မြို့တော်ဖြစ် သည်။ မြို့ပတ်ဝန်းကျင်တွင် ဥယျာဉ်ပန်းမာလ်များဖြင့် ခြံရံလျက်၊ မြို့တွင်း၌ ခမ်းနားကြီးကျယ်တင့်တယ်သည့် အဆောက်အအုံကြီးများရှိသဖြင့် အလွန်သာယာသော မြို့တစ်မြို့ဖြစ်၏။ ဩစတြေးလျနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးမြို့ ဖြစ်ပြီး ၂၀၀၆ ခုနှစ် စာရင်းဇယားအရ လူဦးရေ ၄.၂၈ သန်းရှိသည်။ ဆစ်ဒနီမြို့သည် ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်ဘက် တက်စမန် ပင်လယ်၏ ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဆစ်ဒနီမြို့တွင် နေထိုင်သူများကို ဆစ်ဒနီဆိုက်ဒါ (Sydneysiders) ဟု ခေါ်ကြပြီး ဩစတြေးလျ လူမျိုးများသာ မကဘဲ ကမ္ဘာအရပ်ရပ်မှ လူအများအပြား ပါဝင်ကြသည်။

အချက်တိုများ

ဆစ်ဒနီသည် ဩစတြေးလျရှိ ပထမဆုံး ဗြိတိသျှ ကိုလိုနီဒေသဖြစ်ပြီး ၁၇၈၈ တွင် ဆစ်ဒနီပင်လယ်အော် တွင် ပထမဆုံး ရောက်ရှိလာသည့် သင်္ဘောအစုအဝေး၏ ခေါင်းဆောင်ဖြစ်သည် အာသာ ဖီးလစ်က တည်ထောင်ခဲ့သည်။ မြို့ကို ပို့တ်ဂျက်ဆန် ပတ်လည်ရှိ တောင်များပေါ်တွင် တည်ဆောက်ကြသည်။ ထိုနေရာကို ဆစ်ဒနီ ဟာဘာဟု အများသိကြပြီး ဆစ်ဒနီ အော်ပရာ ဇာတ်ရုံ နှင့် ဟာဘာတံတား တို့သည် ထင်ရှားသော အမှတ်အသားများ ဖြစ်ကြသည်။

၁၈၅ဝ ပြည့်နှစ်က တည်ထောင်ခဲ့သော တက္ကသိုလ်ကျောင်းကြီးမှာ အထူးထင်ရှားလေ သည်။ ၁၉၅၄ ခုနှစ်တွင် မြို့၏ဆင်ခြေဖုံးမျူနီစီပယ် ရပ်ကွက် များအပါအဝင် လူဦးရေ ၁၈၆၁၆၈၅ ယောက်ရှိသည်၊ ဆစ်ဒနီ မြို့ကြီးသည် ဩစတြေးလီးယားတိုက်တွင် ရှေးအကျဆုံးမြို့ဖြစ် ၏။ ၁၇၈၈ ခုနှစ်တွင် ထိုမြို့ကိုတည်သည်။ မြို့တည်စဉ်က အင်္ဂလန်ပြည်၊ ပြည်ထဲရေးဝန်ကြီးဗိုင်းကောင့် ဆစ်ဒနီကိုအစွဲ ပြု၍ဥ ဆစ်ဒနီမြို့ဟု ခေါ်သည်။

မြို့၏ သင်္ဘောဆိပ်ရှိရာ အရပ်ဖြစ်သော ပို့ ဂျက်ဆန်မှာ ကမ္ဘာပေါ်တွင် လှပသော သင်္ဘောဆိပ်ကြီးတစ်ခု ဖြစ်ပြီးလျှင် ဆိပ်ကမ်းမျက်နှာစာမှာ အလျား ၁၅၂ မိုင်မျှရှိ၍၊ ကမ်းခြေတစ် ဘက် တချက်တွင် စိမ်းလမ်းသော သစ်တောကြီးများ ဖုံးအုပ် လျက်ရှိသောကြောင့်အလွန်သာယာသော ရှုမျှော်ခင်းတစ်ခုဖြစ် လေသည်။ သင်္ဘောဆိပ်ပေါင်းကူးတံတားကြီးများတွင် အပါ အဝင်ဖြစ်၍ ၁၉၃၂ ခုနှစ်တွင် ပြီးစီးခဲ့၏။

သင်္ဘောဆိပ်တွင် ပင်လယ်ကူးသင်္ဘောကြီးများသည် ဩစတြေးလီးယားတိုက်မှ ထွက်သော ကုန်များကို အစဉ်မပြတ် တင်ဆောင်လျက်ရှိကြ၏။ ထိုကုန်များမှာ ဂျုံစေ့၊ ဂျုံမှုန့်၊ ရေခဲ စိမ်အသား၊ သိုးမွေး၊ သားရေ၊ ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီနှင့် လတ် ဆတ်သော သစ်သီးစိမ်းများ ဖြစ်သည်။ ဩစတြေးလီးယား တိုက်ထွက်ကုန်ပစ္စည်းများကို ထိုသင်္ဘောဆိပ်မြို့ကြီးမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ဖြန့်ချိကြရ၏။

မြို့အနီးအနားရှိ ကျောက်မီးသွေးတွင်းများမှရသည့် ကျောက်မီးသွေးကို မြို့ပေါ်ရှိစက်မှုလက်မှုအလုပ်ရုံကြီးများတွင် လွယ်ကူစွာသုံးစွဲနိုင်သဖြင့်၊ ဆစ်ဒနီမြို့မှာ ဩစတြေးလီးယား တိုက်၏ စက်မှုလက်မှုထွန်းကားရာ အချက်အချာမြို့ကြီးလည်း ဖြစ်လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads