ကိုယ့်မင်းကိုယ်ချင်း အဖွဲ့

From Wikipedia, the free encyclopedia

Remove ads

ကိုလိုနီခေတ်၁၉၃၆-ခုနှစ်မှာ ဖွဲ့စည်းထွက်ပေါ်ခဲ့သော ကိုယ့်မင်းကိုယ်ချင်းအဖွဲ့သည် တို့ဗမာအစည်းအရုံးကြီး၏ ကိုယ်ပွား အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုနှစ် မြင်းခြံမြို့ မှာကျင်းပသော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံး ညီလာခံ ဆုံးဖြတ်ချက်အရ ပေးအပ်လာမယ့် ၉၁ ဌာနအုပ်ချုပ်ရေး အသစ်ကို အတွင်းအပြင် ဆန့်ကျင်ရေးအတွက် ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင် အကောင်အထည် ဖော်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲဝင်ရမယ့်အဖွဲ့ကို “ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့”ဟု အမည်ပေးခဲ့သည်။

ပထမဆုံးဖွဲ့စည်းခဲ့တဲ့ ကိုယ်မင်းကိုယ့်ချင်း အဖွဲ့ ကို ဥက္ကဋ္ဌအဖြစ် သခင်ဟန်၊ *ဦးစိန်မြင့်(လုပ်သားများကောလိပ်)၏ မြန်မာနိုင်ငံ သမိုင်းအဘိဓာန် စာအုပ်တွင် ဦးဘဦး(မန္တလေး)ဟု ဖော်ပြထားသည်။ အတွင်းရေးမှူးအဖြစ် သခင်ကံတင့်က ဆောင်ရွက်ပါသည်။ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့က အမတ်များကို (၉၁) ဌာနအုပ်ချုပ်ရေးအတွင်း ရာထူးဝင်ရောက်မယူရ အမတ်လစာ မယူရဟု သတ်မှတ်ခဲ့သည့်ပြင် တို့ဗမာအစည်းအရုံးကြီး၏ ညွှန်ကြားချက် အတိုင်း တသွေ မတိမ်း လိုက်နာ ရမယ်ဟု စည်းကမ်းသတ်မှတ်ထားသည်။

၁၉၃၆ ခု၊ နိုဝင်ဘာ ရွေးကောက်ပွဲကြီးမှာ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ အမတ်နေရာ(၂၈)နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံပါသည်။ (၃) နေရာ အနိုင်ရရှိပြီး သခင်မြ သခင်လှတင် (ဟင်္သာတ)နှင့် သခင်အံ့ကြီး (ပခုက္ကူ) တို့ အမတ်ဖြစ်လာသည်။ နောက်ပိုင်းမှာ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ ခေါင်းဆောင်အဖြစ် သခင်မြက တာဝန်ယူ ဦးဆောင်ခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads