သခင်မြ

မြန်မာနိုင်ငံရေးသမား၊ အာဇာနည်​ခေါင်း​ဆောင်ကြီး From Wikipedia, the free encyclopedia

သခင်မြ
Remove ads

သခင်မြ (၇ အောက်တိုဘာ ၁၈၉၇ – ၁၉ ဇူလိုင် ၁၉၄၇)သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် ထင်ရှားကျော်ကြားသော နိုင်ငံရေးသမား ဖြစ်သည်။

အချက်တိုများ သခင်မြ, ပြည်တွင်းရေး ဝန်ကြီးဌာန ဝန်ကြီး ...
Remove ads
Remove ads

ငယ်ဘဝ

Thumb
အမျိုးသားခေါင်းဆောင်ကြီး သခင်မြ မွေးရပ်မြေ၊ ထုံးဘိုမြို့

သခင်မြ(၁၂၅၉-၁၃၀၉)ကို ၁၂၅၉ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် ကြာသပတေးနေ့တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုရွာ သစ်ကုန်သည် ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့မှ ဖွားမြင်သည်။

ပညာရေး

ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းနှင့် သာယာဝတီမြို့ ကရင် အေဘီအမ်အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းမှ စကောလားရှစ်ဆုနှင့် အောင်မြင်ကာ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာသိပ္ပံတန်းကို အောင်မြင်သည်။ ၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသားတဦး အဖြစ်ပါဝင်ခဲ့သည်။

ထို့နောက် ကြည့်မြင်တိုင် အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်တွင် ပညာဆက်လက်သင်ပြန်ရာ ဘီအက်စ် ဂုဏ်ထူးတန်းကို ၁၉၂၄ ခုနှစ်တွင် အောင်မြင်သည်။ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတွင် သိပ္ပံဆရာအဖြစ် ဆောင်ရွက်နေရင်း ၁၉၂၇ ခုနှစ်တွင် ဘီအယ်လ် (ဥပဒေဝိဇ္ဇာတန်း) ကို အောင်မြင်ပြန်သည်။[]

Remove ads

ရှေ့နေဘဝ

၁၉၂၇ ခုနှစ်တွင် သာယာဝတီမြို့သို့ ပြန်လည်နေထိုင်ကာ ရှေ့နေအဖြစ် အသက်မွေးရင်း သာယာဝတီခရိုင် ကင်းထောက်မင်းကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။ သာယာဝတီ သူပုန်အရေးတွင် သူပုန်အမှုများ လိုက်ပါဆောင်ရွက်ပေးသဖြင့် နာမည်ကြီးခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

၁၉၃၄ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နုတ်ထွက်[] ၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဋ္ဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ ဖြစ်လာလေသည်။

ဂျပန်ခေတ်တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ရာ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ ဥက္ကဋ္ဌဖြစ်လာသည်။

ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နောင် ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ရလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အင်္ဂလိပ်အစိုးရက ဖိတ်ခေါ်ဆွေးနွေးသောအခါ ဗြိတိန်နိုင်ငံသို့ ဗိုလ်ချုပ်နှင့်အတူ ကိုယ်စားလှယ်တော် တစ်ဦးအနေနှင့် လိုက်ပါခဲ့ရသည်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သူဖြစ်သည်။ သခင်မြသည် ရိုးဖြောင့်ခြင်းဂုဏ်နှင့် ပြည့်စုံပြီး ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ခဲ့ပုံများကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အကြိမ်ကြိမ်တွေ့မြင်ကြရသည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့ ဦးဘကျော်၏ သမီး ဒေါ်ခင်ညွန့်နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားသမီးမထွန်းကားခဲ့ချေ။

Remove ads

ဘဝနိဂုံး

ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်(၁၃၀၉ခုနှစ် ဝါခေါင်လဆန်း ၂ရက်)၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် ကျည် ၄ချက်ဖြင့် ကျဆုံးသွားခဲ့ရရှာလေသည်။ ကျဆုံးချိန်မှာအသက် (၄၉) နှစ် ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads