အမှောင်ဒြပ်
From Wikipedia, the free encyclopedia
Remove ads
အမှောင်ဒြပ် သို့မဟုတ် ဒြပ်ကွယ်(အင်္ဂလိပ်: Dark Matter)သည် အဆိုပြုရှင်းလင်းထားသောအရာဝတ္ထုတစ်မျိုးဖြစ်ပြီး စကြဝဠာအတွင်းရှိ ဒြပ်စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် ၎င်းဒြပ်မှောင်များဖြစ်မည်ဟု နက္ခတ္တဗေဒပညာရှင်အများစုက ယူဆထားသည့် ဒြပ်တစ်မျိုးဖြစ်သည်။[၁] ဒြပ်မှောင်များအား တိုက်ရိုက်စူးစမ်းတွေ့ရှိမှု မရှိသေးသော်လည်း သွယ်ဝိုက်သောအားဖြင့် ၎င်းတို့၏ တည်ရှိမှုကို သိရသည်။ ဥပမာ စကြဝဠာအတွင်းရှိ မြင်ရသော ဒြပ်များ၏ ရွေ့လျားမှုအပေါ်တွင် ၎င်းတို့၏ ဒြပ်ဆွဲအား အကျိုးသက်ရောက်မှု၊ စကြဝဠာအတွင်းရှိ ကြီးမားသည့်အတိုင်းအတာ ဖွဲ့စည်းပုံ ပေါ်တွင် အကျိုးသက်ရောက်မှုနှင့် အာကာသ မိုက်ကရိုဝေ့ဗ် နောက်ခံ အပေါ်တွင် အကျိုးသက်ရောက်မှု စသည်တို့ကို တွေ့ရှိရသည်။ ဒြပ်မှောင်များသည် လျှပ်စစ်သံလိုက်ရောင်ခြည်များဖြင့် အပြန်အလှန်သက်ရောက်မှု မရှိခြင်း သို့မဟုတ် အလွန်သိပ်သည်းပြီး သေးငယ်သည့်အတွက် လက်ရှိကမ္ဘာပေါ်ရှိလေ့လာရေး ကိရိယာများနဲ့ မှတ်တမ်းတင်လို့ ရနိုင်သည့် ပမာဏအထိ ရောင်ခြည်များကို စုပ်ယူမှု/ထုတ်လွှတ်မှု မပြုခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။[၂]
ကိုယ်ပျောက်ဒြပ်ဆန်း (သို့) ဒြပ်ကွယ် (ခေါ်) ဒါ့ခ် မတ္တာ (အင်္ဂလိပ်: dark matter) ဆိုသည်မှာ အခြေခံ သက်ရောက်မှုကြီး ၄မျိုးအနက် ဒြပ်ဆွဲမှု(gravity) တစ်မျိုးတည်းဖြင့်သာ အားနည်းစွာ သက်ရောက်မှု ရှိသော ဒြပ်ဆန်းများ ဖြစ်သည်။ လောက (Universe) အတွင်းရှိ ကိုယ်ပျောက်ဒြပ်ဆန်းတို့၏ ပျမ်းမျှ သိပ်သည်းမှုမှာ 2.2×10-21 kg/m³ ခန့်သာ ဖြစ်သည်။ သို့သော် လောကအတွင်း ရှိသမျှသော ဒြပ်သားတို့၏ 85% ခန့်အထိ ဖြစ်သော[၁] ၎င်းတို့၏ ပမာဏများပြားမှုကြောင့် လောကအတွင်း ကြယ်စုကြီးများ ဖြစ်ပေါ်စုဝေးမှု သမိုင်းကြောင်းကို ဒြပ်ဆွဲမှု လွှမ်းမိုးချက်ဖြင့် ၎င်းက များစွာပုံဖော်ပေးထားခြင်း ဖြစ်သည်။[၂] ဤအချိုးအစား ရာခိုင်နှုန်းမှာ ဒြပ်သားသဘောကို ဆိုလိုခြင်း ဖြစ်သည်။ ဒြပ်-စွမ်းအင်တို့ကို တိုင်းတာခန့်မှန်းလျှင် လောက(Universe)၏ 68% ဝန်းကျင်မှာ လောကနှံ့စွမ်းအင် (dark energy) များ ဖြစ်ပြီး 26% ဝန်းကျင်က ဤကိုယ်ပျောက်ဒြပ်ဆန်းများ ဖြစ်သည်။[၄][၅][၆][၇]
Remove ads
ရူပဗေဒသဘောအလိုက် အမည်ပေးမှု
အင်္ဂလိပ် အခေါ်ဝေါ်မှာ dark matter (ဒါ့ခ် မတ္တာ) ဖြစ်သော်လည်း တိုက်ရိုက်ဘာသာပြန်လျက် "မည်းမှောင်ဒြပ်သား" သို့မဟုတ် "ဒြပ်မှောင်" ဟု ရေးကြသည့်အခါ စာဖတ်သူအချို့ စိတ်ထဲတွင် ၎င်းတို့က မှောင်မည်းခြင်းသဘာဝ ရှိသော ဒြပ်သားများသဖွယ် အထင်လွဲတတ်သည်။ သို့သော် အလင်းရောင်ကို ၎င်းဒါ့ခ်မတ္တာတို့နှင့် အုပ်လွှမ်းလျှင်လည်း မှောင်ခြင်း၊ မှိန်ခြင်း အလျဉ်း မရှိ။ ၎င်းက လျှပ်စစ်သံလိုက်လှိုင်းတို့နှင့် သက်ရောက်ဆက်ဆံမှု အလျဉ်း မရှိသဖြင့် အလင်းကို ပိုစေခြင်း၊ အလင်းကို မှောင်စေခြင်း အလျဉ်းမရှိ၊ ကိုယ်ပျောက် သဖွယ်သာ ဖြစ်သည်။[၈] ထို့နောက် ၎င်းကို ဖွဲ့စည်းသည့် အမှုန်တို့ကို စူးစမ်းဆဲဖြစ်လျက် ကျွန်ုပ်တို့ တွေ့နေကျ ဖှာမီယွန်၊ ဘိုဇွန်တို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်၊ ထို့ကြောင့် ဒြပ်ဆန်း ဟု သိမှတ်နိုင်သည်။ ကိုယ်ပျောက်ဒြပ်ဆန်း (dark matter) မှာ ဒြပ်ဆွဲမှု တစ်မျိုးတည်းဖြင့်သာ သက်ရောက်ချက်ရှိသည့် အရာများ ဖြစ်ပေသည်။
Remove ads
တည်ရှိမှုကို ကောက်ချက်ချပုံ
ကြယ်စုအတွင်း ကြယ်များ၏ လှည်ပတ်မှု

ကြယ်စု(ဂယ်လက်စီ) အတွင်း၌ အတွင်းပိုင်းကျသော ကြယ်များက ဗဟိုပြုရာ ဒြပ်စုကြီးနှင့် ပိုနီးကပ်သဖြင့် ဒြပ်ဆွဲအားပို ပြင်းစွာ ခံစားရမည်။ ထို့ကြောင့် ၎င်းတို့၏ ပတ်လမ်း တည်မြဲစေရန် ပိုမြန်မြန် လှည့်ပတ်တန်ရာ၏။ သို့ဖြင့် ကတ်ပ်လာ၏ ဒုတိယနိယာမ (Kepler's Second Law) အရ ခရုပတ်ပုံကြယ်စုတွင် အပြင်ပန်းကျသော ကြယ်များကမူ ပိုမိုလျော့နည်းသော အလျင် (velocity) ဖြင့် လည်ပတ် ဟန်ချက်ညီနေမည်ဟု မှန်းဆဖွယ်ရှိသည်။ သို့သော် လက်တွေ့၌ ထိုသို့ ဖြစ်မနေသည်ကို တွေ့ရသည်။[၉] ထို့ကြောင့် ဖြစ်တန်ရာ ကောက်ချက်တစ်ခုသည် မည်သည့် လျှပ်စစ်သံလိုက်လှိုင်းအားဖြင့်မှ မမြင်ရသည့်တိုင် ဒြပ်ထုသဘောမူ ရှိသော အရာတို့က ကြယ်စုကို အုပ်လွှမ်းထားခြင်း ဖြစ်သည်။ ကြယ်များက ထို ကိုယ်ပျောက်ဒြပ်ဆန်းများ အတွင်း စုဝင်လျက် လည်ပတ်နေခြင်းကြောင့် ကြယ်များလှည့်ပတ်မှုက လက်တွေ့၌ ကြယ်စုအတွင်း ထိုသို့အလျင်တူနီးပါး ဖြစ်နေရခြင်းဟု ခန့်မှန်းကြသည်။
ဒြပ်ဆွဲမှုကြောင့် အလင်းလမ်းကြောင်း ကွေးညွတ်လျှင်

သိသာစွာ အားကောင်းကြီးမားသော ဒြပ်ဆွဲစက်ကွင်းက ၎င်းအနီး ဖြတ်သွားသော အလင်းတန်းများကို လမ်းကြောင်း ကွေးညွတ်စေသဖြင့် ဒြပ်ဆွဲချက်မှန်ဘီလူး (gravitational lensing) ဖြစ်ပေါ်မှုအချို့သည် ကိုယ်ပျောက်ဒြပ်ဆန်း တည်ရှိကြောင်းကို ညွှန်ပြနေသည်ဟု ကောက်ချက်ချနိုင်သည်။[၁၀]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads