ဒြပ်
ဒြပ်ထုနှင့်ထုထည်ရှိသောဝတ္ထု From Wikipedia, the free encyclopedia
Remove ads
ဒြပ်(mass) ဟူသည်မှာ အလျင်ပြောင်းနှုန်း (acceleration)ကို အရာဝတ္ထုတခုခုက တောင့်ခံနိုင်မှု ပမာဏသဘောတရား ဖြစ်သည်။ တစ်နည်းအားဖြင့် ရူပဗေဒတွင် ဒြပ်ထုပမာဏ ဟူသည့် စကေလာ တိုင်းဖွယ် တခု ဖြစ်သည်။
ဂန္ထဝင် ရူပဗေဒနှင့် ယေဘုယျ ဓာတုဗေဒတို့တွင် ဒြပ်သား (အင်္ဂလိပ်: Matter) ဆိုသည်မှာ ဒြပ်ထုနှင့်ထုထည်ရှိသောအရာဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နေ့စဉ်ထိတွေ့နိုင်သော အရာများအားလုံးသည် အက်တမ်များဖြင့် ဖွဲ့စည်းထားပြီး ထိုအက်တမ်များကို အက်တမ်အောက်အမှုန်များဖြင့် ထက်မံဖွဲ့စည်းထားသည်။[၁] ထိုအရာများအားလုံးသည် "ဒြပ်သား"၌အကျုံးဝင်သည်။ ဖိုတွန်ကဲ့သို့သော ဒြပ်ထုမဲ့အမှုန်များ၊ အလင်း၊ အပူကဲ့သို့သော စွမ်းအင်နှင့် လှိုင်းများသည် "ဒြပ်သား"၌အကျုံးမဝင်ပေ။[၂] ဒြပ်သည် အခြေအနေအမျိုးမျိုး (သို့မဟုတ် အဆင့်များ) တွင်တည်ရှိနိုင်သည်။ ယင်းတို့သည် အစိုင်အခဲ၊ အရည်၊ အငွေ့ ဟူသောအများသိသည့် အခြေအနေများဖြစ်ကြသည်။ သာဓကအားဖြင့် ရေသည် ရေခဲ၊ ရေနှင့် ရေနွေးငွေ့ အခြေအနေသုံးမျိုးလုံးအဖြစ်တည်ရှိသည်။ ဤအခြေအနေသုံးရပ်အပြင် ဒြပ်များသည် ပလာစမာ၊ ဘို့စ်–အိုင်းစတိုင်း ကွန်ဒန်စိတ်၊ ဖာမီယွန်နစ် ကွန်ဒန်စိတ်၊ ကွာ့–ဂလူယွန် ပလာစမာစသော အခြားအခြေအနေများတွင်လည်း တည်ရှိနိုင်ကြသည်။.[၃]

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads