ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း

From Wikipedia, the free encyclopedia

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း
Remove ads

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (အင်္ဂလိပ်: The Republic of the Union of Myanmar Federation of Chambers of Commerce and Industry၊ အတိုကောက် UMFCCI) သည် မြန်မာနိုင်ငံတွင် သက်တမ်းကြာမြင့်ပြီဖြစ်သော အမြတ်ငွေခွဲဝေခြင်း မပြုရသော ပရဟိတအသင်းကြီး ဖြစ်သည်။ နိုင်ငံတကာ ထုံးတမ်းစဉ်လာနှင့်အညီ မြန်မာနှင့် နိုင်ငံတကာကို ဆက်သွယ်အကျိုးဆောင်ပေးနေသော အစိုးရမဟုတ်သည့် စီးပွားရေး ဦးဆောင်အဖွဲ့တစ်ခု ဖြစ်သည်။

အချက်တိုများ ဖွဲ့စည်းခြင်း, တည်ထောင်သူ ...
Remove ads

သမိုင်းကြောင်း

အသင်းကို ၁၉၁၉ ခုနှစ်တွင် ယခု ရန်ကုန်မြို့ ရွှေဘုံသာလမ်းနေရာတွင် စတင်ထူထောင်ခဲ့သည်။ ကိုလိုနီခေတ်သူဌေးကြီး ဆာဦးသွင် သည် မြန်မာကုန်သည်များအသင်းကို စတင် တည်ထောင်သူ တဦး ဖြစ်သည်။ ပထမဦးဆုံး ဥက္ကဋ္ဌမှာ ဦးမောင်မောင်အုန်းခိုင် ဖြစ်ပြီး အသင်းကို 'မြန်မာကုန်သည်များအသင်း'ဟု ခေါ်ဝေါ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၈၉ အရ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အသင်းမှတ်ပုံတင်အမှတ်မှာ (၁)ဖြစ်ပြီး ဥက္ကဋ္ဌမှာ ဦးယုဆိုင် ဖြစ်သည်။

၁၉၉၁ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁၆/၉၁ အရ အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့ရာ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဖြစ်လာသည်။ ၁၉၉၄ ခုနှစ် ၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၂/၉၄ အရ အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာ ဥ က္ကဋ္ဌမှာ ဦးခင်မောင်ရီ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အား စစ်ကောင်စီနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သုံးသပ်ပြီး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ ဖြင့် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။[]

Remove ads

ဆောင်ရွက်မှုများ

ပြည်နယ်/ တိုင်းဒေသကြီး၊ နယ်စပ်ဒေသ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း(၂၂)ခု၊ လုပ်ငန်းအသင်း(၈) သင်း ဖွဲ့စည်းထားသည်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာအကောင်အထည်ဖော်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများ၊ နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် ပေါင်းကူးတံတားသဖွယ် အကျိုးဆောင်ပေးနေသည်။ ထုတ်ကုန်လုပ်ငန်းများကို ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်(Country of Origin)ထုတ်ပေးနေသည်။ အသင်းကြီးသည် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကြီး ပေါ်ထွန်းလာရန် ဦးတည်ထားကြိုးပမ်း ဆောင်ရွက်နေသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်ထုတ်ကုန် လိုင်စင်လျှောက်ထားသောအခါ ကုန်သည်ကြီးများအသင်းဝင်လက်မှတ် လိုအပ်သော သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ မဖြစ်မနေ ဝင်ရောက်ရန် လိုအပ်လျက်ရှိသည်။ ၁၉၅၅ ခုနှစ်၊စက်တင်ဘာ(၂)ရက်နေ့အထိ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအသင်းဝင် ဦးရေပေါင်း (၂၅၃၈) ရှိသည်။ ယခင်က အသင်းဌာနချုပ်တည်ရာကို အမှတ်ရ၄/၈၆၊ ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ရာမှ (၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် )နေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်း အမှတ်(၄၀ဝ) သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။ ထို့နောက် ယခုအခါ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ် (၂၉)သို့ ပြောင်းရွေ့ထားသည်။ အသင်းချုပ်၏ ၂၀ဝ၉-၂၀၁၁ ခုနှစ်အတွက် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဥက္ကဋ္ဌမှ ဦးဝင်းမြင့် (ရွှေနဂါးမင်းကုမ္ပဏီ)နှင့် အထွေထွေအတွင်းရေးမှူးမှာ ဒေါက်တာမောင်မောင်လေး(နီလေးနိုင်ကုမ္ပဏီလီမိတက်) တို့ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ပေါင်း(၄၀)ဦး ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads