ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ
လူ့အခွင့်အရေးအပြည့်အဝရရှိစေရန် ဖွဲ့စည်းထားသော ကုလသမ္မဂ္ဂ၏သီးခြားအဖွဲ့ From Wikipedia, the free encyclopedia
Remove ads
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council, UNHRC) သည် နိုင်ငံအသီးသီးမှ အစိုးရများပါဝင်သည့် ကုလသမဂ္ဂ အတွင်းရှိ အဖွဲ့အစည်းဖြစ်သည်။ UNHRC သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ ဆင်းသက်လာပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဖွဲ့ခွဲတစ်ရပ်ဖြစ်သည်။ ဂျီနီဗာမြို့တွင် အခြေစိုက်သည့် UNHRC ၏ အဓိကရည်မှန်းချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရန်ဖြစ်သည်။ [၁] UNHRC သည် ယင်းကဲ့သို့ တင်ပြရေးမှအပ အခြား အခွင့်အာဏာများ မရှိပါ။ UNHRC မှ တင်ပြလာသည့် အချက်များကို အထွေထွေညီလာခံမှတဆင့် လုံခြုံရေးကောင်စီထံသို့ အကြံပြုရမည် ဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၆ မတ်လ ၁၅ ရက်နေ့တွင် ထောက်ခံမဲ ၁၇၀၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၃ မဲဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် (A/RES/60/251) အရ UNHRC ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
Remove ads
ကောင်စီဖွဲ့စည်းပုံ
UNHRC ၏ အဖွဲ့ဝင် ၄၇ နေရာအား ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်သည်။ ကောင်စီဝင် သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး သက်တမ်းနှစ်ဆက်ထက်ပိုကာ မည်သည့်ကောင်စီဝင်မှ ထမ်းဆောင်ခွင့်မရှိပေ။ ကောင်စီဝင် ၄၇ နေရာတွင် ဒေသအလိုက် အာဖရိကအတွက် ၁၃ နေရာ၊ အာရှအတွက် ၁၃ နေရာ၊ အရှေ့ဥရောပအတွက် ၆ နေရာ၊ လက်တင်အမေရိကနှင့် ကယ်ရေဘီယံ ဒေသအတွက် ၈ နေရာ၊ အနောက်ဥရောပနှင့် အခြားအုပ်စုများအတွက် ၇ နေရာ အသီးသီး ခွဲဝေထားသည်။
UNHRC ဖြစ်ပေါ်လာစေသည့် ဆုံးဖြတ်ချက်တွင် "ကောင်စီဝင်အဖြစ် အရွေးချယ်ခံရသည့် အဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးနှင့် တိုးမြှင့်ရေး လုပ်ငန်းများအား အမြင့်ဆုံးစံချိန်ဖြင့် လုပ်ဆောင်ရမည်"ဟု ရေးသားဖော်ပြထားသည်။ အကယ်၍ အဖွဲ့ဝင်နိုင်ငံမှ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ပါက အထွေထွေညီလာခံ သုံးပုံနှစ်ပုံ၏ သဘောတူညီချက်ဖြင့် ၎င်းကောင်စီဝင်၏ လုပ်ပိုင်ခွင့်များကို ရုပ်သိမ်းနိုင်သည်။
Remove ads
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads