ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်ကျောက်တော်မြို့ သေလာဂီရိမောရပ္ပတ္တတောင်၏အရှေ့ဘက်တွင်တည်ရှိသည်။ ဤမြစ်သည် ပေ(၈၀⁠၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာသည်။

အချက်တိုများ နိုင်ငံများ, ပြည်နယ်များ ...
Kaladan (ကုလားတန်မြစ်)
ကစ္ဆပနဒီ, Beino, Bawinu, Bawinung(Boinung)
River
Thumb
ကုလားတန်မြစ်ကိုဖြတ်၍ ဆောက်ထားသော ရန်ကုန်-စစ်တွေ တံတားကို မြင်ရပုံ
နိုင်ငံများ မြန်မာနိုင်ငံ, အိန္ဒိယနိုင်ငံ
ပြည်နယ်များ ချင်းပြည်နယ်, ရခိုင်ပြည်နယ်, မီဇိုရမ်ပြည်နယ်
မြစ်လက်တက်များ
 - ဘယ် Twe River, Mi River, Kalabon River, Kyegu River
 - ညာ Chal River, Tio River, Tuichang, Mat River, Kawrthingdeng River
ရင်းမြစ် west flank of Mount Zinghmuh
 - တည်နေရာ ချင်းတောင်တန်း, ချင်းပြည်နယ်, မြန်မာ
 - အမြင့် ၂,၅၆၄ m (၈,၄၁၂ ft)
မြစ်ဝ စစ်တွေ
 - တည်နေရာ ဘင်္ဂလားပင်လယ်အော်, မြန်မာ
 - အမြင့်  m (၀ ft)
ရေစီးဝင်မှု
 - ပျမ်းမျှ ၃,၄၆၈ m3/s (၁၂၂,၄၇၁ cu ft/s)
ပိတ်ရန်

ဒေသခံပြည်သူများက အရပ်အခေါ် ကုလားတန်မြစ် ဟုခေါ်သည်။ စာပေများတွင် ဂစ္ဆပနဒီ(ခေါ်)ကုလားတန်မြစ်ဟု တွေ့ရသည်။ ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။ ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်သည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။[1]

Thumb
ကုလားတန်မြစ် မြင်ကွင်းတစ်ခု

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ကစ္ဆပနဒီတံတားကြီးကို တည်ဆောက်ခဲ့သည်။ ရန်ကုန်- စစ်တွေ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကုန်စည်ကူးသန်းမူအတွက် အလွန်အရေးပါသော တံတားဖြစ်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.