ကူဝိတ်မြို့

From Wikipedia, the free encyclopedia

ကူဝိတ်မြို့
Remove ads

ကူဝိတ်မြို့(အာရပ်: مدينة الكويت)သည် ကူဝိတ်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ မြို့သည် နိုင်ငံ၏ အရေးပါသောနေရာဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ရှိ ကူဝိတ်ပင်လယ်အော်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိပြီး စော်ဘွားတို့၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီပွားရေးဗဟိုချက်ချာဖြစ်ကာ ကူဝိတ်တို့၏ ဆေဖီနန်းတော်၊ အစိုးရရုံးများ၊ ကူဝိကော်ပိုရေးရှင်းအများစုနှင့် ဘဏ်တို့၏ ရုံးချုပ်များ တည်ရှိသည်။

အချက်တိုများ ကူဝိတ်မြို့مدينة الكويت Madinat Al-Kuwayt, နိုင်ငံ ...

၂၀၁၈ ခုနှစ်အရ မြို့ပြဧရိယာတွင် အကြမ်းဖျင်းအားဖြင့် လူဦးရေ ၃ မီလီယံခန့်(နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းထက်ပို) နေထိုင်ကြသည်။[] မြို့တော်၌ အုပ်ချုပ်မှုဆိုင်ရာ သီခြားဝိသေသမရှိပါ။ မြို့ပြဧရိယာ၏ အစိတ်အပိုင်းများအဖြစ် နိုင်ငံ၏ ဂါဗာနာရိတ် ၆ ခုစလုံးမှ ပေါင်းစပ်ပါဝင်ပြီး များစွာသော ဧရိယာများအဖြစ်ပိုင်းခြားထားသည်။ ကျဉ်းမြောင်းသောအမြင်များတွင် ကူဝိတ်မြို့ဟူဆိုပါက သမိုင်းတွင်အချက်အခြာမြို့အဖြစ်သာဆိုကြသော်လည်း ယနေ့ခေတ်တွင် ကပ်လျက်မြို့ပြဧရိယာများကို ချောမွေ့စွာပေါင်းစပ်ထားသော မြို့တော်ဂါဗာနာရိတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍နေပြီဖြစ်သည်။

ကူဝိတ်မြို့အတွက် လိုအပ်သော ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို ကူဝိတ် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အယ် အဟာမာဒီဆိပ်ကမ်း (Ahmadi Port)၊ အယ် ရူဝေခူဆိပ်ကမ်း(Shuwaik Port) တို့ဖြင့် ဆောင်ရွက်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads