ကော့မှူးမြို့
From Wikipedia, the free encyclopedia
Remove ads
ကော့မှူးမြို့ သည် ရန်ကုန်တိုင်းတွင်းမှ မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှ ကားလမ်းခရီးဖြင့်လွယ်ကူစွာ သွားရောက်နိုင်သည်။ ဒလ၊ တွံတေးသွားရာကားလမ်းကြောင်းပေါ်မှ ကွမ်းခြံကုန်းမြို့၊ ဒေးဒရဲ မြို့များသွားရာလမ်းဘက်သို့ ခွဲထွက်သောလမ်းကြောင်းပေါ်တွင် တည်ရှိသည်။
Remove ads
ခေါ်တွင်ပုံ
မွန်အရေးအသား “ကံမုတ်”၊ မွန်အသံထွက် ကော့မု မှ ဆင်းသက်လာသည်။ ကံ (ကော့)သည် ကျွန်းဖြစ်သည်။ မုတ်(မု)ဟူသည် အစွန်း (အငူ) ဖြစ်သည်။ အငူကျွန်း၊ အငူကုန်းဟု ဆိုလိုသည်။
စီးပွားရေး
ဆန်စပါး၊ ကွမ်းရွက်၊ ကွမ်းသီးနှင့် ငါး၊ ပုဇွန်စသော ရေထွက်ပစ္စည်းများ ထွက်ရှိသည်။ တွံတေးတောကြီးတန်းနှင့် တဆက်တည်းဖြစ်သဖြင့် သစ်ဝါး ထုတ်ခြင်းလုပ်ငန်းကို လည်း လုပ်ကိုင်ကြသည်။ ဝါးသည် အဓိက ပို့ကုန်တခုပင် ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads