ကော့မှူးမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ကော့မှူးမြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကော့မှူးမြို့ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ထိခိုက်မှု အများဆုံး မြို့နယ် ဖြစ်ခဲ့သည်။

အချက်တိုများ ကော့မှူးမြို့နယ်, နိုင်ငံ ...
Remove ads

နိုင်ငံရေး နှင့် သမိုင်းကြောင်း

အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ မစုစုနွေးသည် ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှ ဖြစ်သည်။ သူမသည် အစိုးရဝန်ထမ်းများအား အတင်းအကြပ် အလုပ်ခိုင်းစေမှုဖြင့် တရားစွဲဆို အနိုင်ရခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။[]

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ဧပြီ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[]

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ကာ ကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads