ကွန်နက်တီကတ်ပြည်နယ်

From Wikipedia, the free encyclopedia

ကွန်နက်တီကတ်ပြည်နယ်
Remove ads

ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ မူလပြည်နယ်ကြီး ၁၃ ခုတွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ်ကမ်းခြေဘက်တွင် တည်ရှိသည်။ ထိုပြည်နယ်၏ မြောက်ဘက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်ကျွန်း၊ တောင်ဘက်တွင် နယူးယောက်ပြည်နယ်တို့က နယ်နိမိတ် သတ်မှတ် ထားလေသည်။ ကွန်နက်တီကတ်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝ⁠ဝ၉ သာရှိ၍ ၁၉၅ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂ဝ⁠ဝ၇၂၈ဝ ယောက်ဖြစ်ရာ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ ထူထပ်လေသည်။ ထိုနယ်တွင် မြို့ပေါင်းများစွာရှိ၍ မြို့တော်မှာ ကွန်နက်တီကတ်မြစ်ပေါ်တွင် တည်ရှိသော ဟာ့တ်ဖို့မြို့ ဖြစ်၏။ ၁၉၅ဝခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇⁠၇၃၉၇ ယောက် ရှိ သည်။ အခြားမြို့များမှာ ၁၉၅ဝ ခု လူဦးရေ ၁၆၄⁠၄၄၃ ယောက်ရှိသော နယူးဟေးဗင်းမြို့နှင့် ၁၉၅ဝ ခု လူဦးရေ ၁၅၈၇ဝ၉ ယောက် ရှိသည့် ဗရစ်ဂျပို့မြို့တို့ ဖြစ်လေသည်။ ကမ္ဘာ၌ ထင်ရှားကျော်ကြားလှသော ယေးလ်တက္ကသိုလ်မှာ နယူးဟေးဗင်း မြို့တွင် ရှိလေသည်။ ကွန်နက်တီကတ်ပြည်နယ်သည် မြေဩဇာ ထက်သန်ကောင်းမွန်ခြင်း မရှိသဖြင့် လယ်ယာစိုက်ပျိုးရေး ကောင်းစွာမဖြစ်ထွန်းချေ။ သို့ရာတွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သစ်သီးခြံများမှာ နယ်၏စီးပွားရေးကို များစွာ အထောက်အပံ့ပေးလေသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည့်ပြည်နယ်ဖြစ်သည့် အားလျော်စွာ ထွက်ကုန်များမှာ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုပြည်နယ်၏ အများဆုံး ထွက်ကုန်များမှာ ခဲယမ်းမီးကျောက်များ၊ လေယာဉ်ပျံ စသည့် စစ်သုံးပစ္စည်းများ၊ နာရီများနှင့် ဆေးလိပ် ဆေးတံ စသောကုန်စည်များ ဖြစ်ကြလေသည်။ []

အချက်တိုများ ကွန်နက်တီကတ်ပြည်နယ်, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads