မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များ

မြန်မာနိုင်ငံ၏တိုင်းတာမှုစနစ် From Wikipedia, the free encyclopedia

Remove ads

[]တစ်မိုက်

အလျား

နောက်ထပ် အချက်အလက်များ မြန်မာအတိုင်းအတာ, Metric ...

တိုင်းတာပုံ

  • ၁၀ ဆံခြည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)
  • ၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)
  • ၄ မုယော = ၁ လက်သစ် (၁၂ လက်သစ် = ၁ ထွာ, ၂ ထွာ = ၁ တောင်, ၂ ဆုပ် = ၁ ထွာ, ၄ ဆုပ် = ၁ တောင်)
  • ၈ လက်သစ် = ၁ မိုက်
  • ၃ မိုက် = ၁ တောင်
  • ၄ တောင် = ၁ လံ
  • ၂ တောင် = ၁ ကိုက်
  • ၇ တောင် = ၁ တာ
  • ၂၀ တာ = ၁ ဥသဘ
  • ၂၀ ဥသဘ = ၁ ကောသ
  • ၄ ကောသ = ၁ ဂါဝုဒ်
  • ၄ ဂါဝုဒ် = ၁ ယူဇနာ
  • ၁၀ဝ၀ တာ = ၁ တိုင်
  • ၆ တိုင် နှင့် တာ ၄၀ဝ = ၁ ယူဇနာ

မြန်မာ (၁၀) တိုင် ကို ခရီးတစ်သောင်း ဟုခေါ်ဆိုသည်မှာ တာပေါင်း တစ်သောင်း ရှိသောကြောင့် ဖြစ်သည်။ [] ခရီးတစ်သောင်း၊ အပ်တစ်ချောင်း ဟူသော စကားပုံ လည်းရှိသည်။ အဓိပ္ပာယ်မှာ ခရီးတစ်သောင်း (၁၀ တိုင်) ဝေးလျှင် အပ်ကလေးတစ်ချောင်းမျှပင် မသယ်ချင်လောက်အောင် လေးသည် ဟု ဆိုလိုသည်။

တစ်တာတွင် (၇)တောင်ရှိပြီး၊ တာပေါင်းတစ်ထောင်သည် တစ်တိုင်နှင့်ညီသောကြောင့် တစ်တိုင်တွင် (၇၀၀၀)တောင် ရှိသည်။ ယင်းပမာဏသည် ပေပေါင်း (၁၀၅၀၀) နှင့်ညီမျှသည်။ တစ်မိုင်တွင် (၅၂၈၀)ပေရှိရာ မိုင်ဖွဲ့လျှင် ၁.၉၉ မိုင်နှင့် ညီသည်။ သို့ဖြစ်၍ ဗြိတိသျှ (အင်္ဂလိပ်) အတိုင်းအတာများနှင့် ဆက်စပ်ရာတွင် အကြမ်းအားဖြင့် နှစ်မိုင်လျှင် တစ်တိုင် ရှိသည်ဟု ကျေးလက်ဒေသများတွင် မှတ်ယူထားကြသည်။

ခရီးအကွာအဝေးကို မိုင်(အင်္ဂလိပ်အတိုင်းအတာ) အစား တိုင် (မြန်မာအတိုင်းအတာ) ဖြင့် ခေါ်ဝေါ် သုံးစွဲမှုများမှာ ယနေ့တိုင်အောင် မြန်မာ့ ကျေးလက်ဒေသများတွင် တွင်ကျယ်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ခရီး (၁၀) မိုင် ဝေးသည် ဟု ပြောမည့်အစား ခရီး (၅) တိုင် ဝေးသည် ဟုသာ ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလတ်တန်းစား အတိုင်းအတာများ ဖြစ်သည့် လယ်ယာ ကိုင်းကျွန်း အတိုင်းအတာများကိုလည်း အလျား တာ မည်မျှ၊ အနံ တာ မည်မျှ စသည်ဖြင့်သာ ပြောဆိုနေကြဆဲ ဖြစ်သည်။ သည့်ထက်ပိုမိုတိုတောင်းသော အလျားအတိုင်းအတာ ဖြစ်သည့် သစ်၊ ဝါး စသည်တို့ကို တိုင်းတာရာတွင် သို့မဟုတ် အိမ်ဆောက်ရာတွင်မူ တောင် နှင့် ထွာ ကို အသုံးပြုကြသည်။

Remove ads

အလေးချိန်

နောက်ထပ် အချက်အလက်များ မြန်မာအလေးချိန်, Metric ...
Remove ads

ထုထည် အချင်အတွယ်

နောက်ထပ် အချက်အလက်များ မြန်မာအချင့်အတွယ်, Metric ...

ချင့်တွယ်ပုံ

  • ၂ လမြူ = ၁ လမျက်
  • ၂ လမျက် = ၁ လမယ်
  • ၂ လမယ် = ၁ စလယ်
  • ၂ စလယ် = ၁ ခွက်
  • ၂ ခွက် = ၁ ပြည်
  • ၄ ပြည် = ၁ စိတ်
  • ၂ စိတ် = ၁ ခွဲ
  • ၂ ခွဲ = ၁ တင်း
  • ၁ တင်း = ၁၆ ပြည်

ဧရိယာ

ငွေကြေး

နောက်ထပ် အချက်အလက်များ မြန်မာငွေကျပ်, ညီမျှမူ ...

အချိန်

အချိန်၊ မြန်မာ့ရိုးရာ တွင်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads