ကျိုက္ကလွန်ပွန်းစေတီတော်
From Wikipedia, the free encyclopedia
Remove ads
ကျိုက်က္ကလွန်းပွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင်တည်ရှိသည့် မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်သည်။ အရမ်း သပ္ပာယ်ကြည်ညိုစရာကောင်းလှသည့် သည့် ဘုရားတစ်ဆူ ဖြစ်ပါသည်
သမိုင်း
စေတီတော်၏ သမိုင်းကြောင်းအရ သုဝဏ္ဏဘုမ္မိ(သထုံ)မင်းများ၏ (၁၈) ဆက်မြောက်မင်းဖြစ်သော ယုဂန္ဓကုမ္မာလက်ထက်က အရှင်သောဏနှင့် အရှင်ဥတ္တရ ရဟန္တာမထေရ်မြတ် နှစ်ပါးတို့က မောရတောင်တွင် သီတင်းသုံးရင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်မွေတော်များကို ဌာပနာ၍ တစ်လံခန့်ရှိသော စေတီကို စတင်တည်ထားခဲ့ပြီး နောက်ပိုင်းသာသနာသက္ကရာဇ် ၄၄၇ ခုနှစ်တွင် ပဲခူးဘုရင် ဓနုသင်္ဂဟမင်းမှ မူလစေတီငယ်ကိုငုံ၍ မိုးတိမ်ထိနီးစေတီကြီး တည်ခဲ့သည်ဟု ဆိုသည်။ ဆက်လက်၍ ပုသိမ်သမုဒ္ဓဃောသမင်း၏ မိဖုရား ဥမ္မာဒန္တီက မိဖုရားမဖြစ်မီမှာပင် သာသနာသက္ကရာဇ် ၇၀ဝ ပြည့်နှစ်တွင် ပြုပြင်တည်ခဲ့ပြန်သည်။ ထို့နောက် ခေတ်ကာလ အဆက်ဆက်တွင် ရှေးဘုရင်များ ဖြစ်ကြသော ဓမ္မစေတီမင်း၊ တပင်ရွှေထီးမင်းတို့မှလည်း ပြုပြင်မွမ်းမံခဲ့ကြပြီး မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ရှေးဟောင်းစေတီတော်ကြီးတစ်ဆူဖြစ်သည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်မှာ ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ၁၂၈ ပေ အမြင့် ရှိသည်။ကျိုက္ကလွန်ပွန်းစေတီတော်ကြီး ၏ ထူးခြားချက်မှာ မနက်တွင် ပြည်သူများ စေတီကို တစ်ရစ် တည်တယ်။ ညဘက်တွက် နတ်ဘီလူးများသည် တစ်ရစ်တည်သည်။
Remove ads
ကိုးကား
ကျိုက္ကလွန်ပွန်းစေတီတော်ဂေါပကအဖွဲ့မှ ပြုစုသော စေတီတော်သမိုင်းစာအုပ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads