ဓနုဖြူမြို့

From Wikipedia, the free encyclopedia

ဓနုဖြူမြို့
Remove ads

ဓနုဖြူမြို့သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင် ဓနုဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်အရပ်ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဓနုဖြူမြို့ အနီးပတ်ဝန်းကျင်တွင် မြေဩဇာကောင်းသော လယ်မြေများရှိခြင်းကြောင့် ဆန်စပါးနှင့်မတ်ပဲကို အမြောက်အမြား စိုက်ပျိုးကြ၏။ ထို့အပြင် ဆေးလည်းထွက်သဖြင့် ဆေးလိပ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြသည်။

လှည်းလုပ်ငန်း၊ သင်ဖြူးလုပ်ငန်းများသည်လည်း ဓနုဖြူမြို့နယ်တွင် အရေးပါသောလုပ်ငန်းများ ဖြစ်လေသည်။ ဓနုဖြူမြို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ဧရာဝတီမြစ်ကြောင်းချီ စစ်ပွဲ အထူးအရေးပါအရာရောက်ခဲ့၏။ ၁၈၂၅ ခုနှစ် စစ်ပွဲတွင် မြန်မာစစ်သူကြီး မဟာဗန္ဓုလသည် ဗုံးဆန်ထိမှန်သဖြင့် ဓနုဖြူမြို့တွင် ကျဆုံးသွားလေသည်။ ယခုထက်တိုင် မဟာဗန္ဓုလ၏သင်္ချိုင်းကို ဓနုဖြူမြို့၌ တွေ့ရှိနိုင်သည်။

Thumb
မဟာဗန္ဓုလ ပန်းခြံ

ဓနုဖြူမြို့နယ်မှာ မအူပင်ခရိုင် အနောက်မြောက်ဘက်တွင် ရှိသည်။ မြို့နယ်တလျောက်ကို ဧရာဝတီမြစ်က စီးဆင်းဖြတ်သန်းသည်။ မြေနိမ့်ပိုင်းဖြစ်၍ ရေလွှမ်းမိုးခြင်းကို ကာကွယ်ရန် ရေကာတာများ ပြုလုပ်ပေးထားရသည်။ မိုင် ၃ဝ ခန့်ရှည်သော မော်တော်ကားလမ်းသည် ဓနုဖြူမြို့နှင့် ကျုံပျော်မြို့တို့ကို ဆက်သွယ်ပေးသည်။

Remove ads

ထင်ရှားကျော်ကြား

ဆွေမင်း (ဓနုဖြူ) (ကာတွန်းဆရာ)

ဓနုဖြူစိုးသိန်း (အဆိုတော်)

ဓနုဖြူကြည်ကြည်သိန်း (အဆိုတော် နှင့် အသံမင်းသမီး)

မောင်ခင်မင် (ဓနုဖြူ) (စာရေးဆရာ၊ မြန်မာစာပေပညာရှိ နှင့် အငြိမ်းစားတက္ကသိုလ် မြန်မာစာ ပါမောက္ခ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads