ကျောက်ဂူအိမ်

From Wikipedia, the free encyclopedia

ကျောက်ဂူအိမ်
Remove ads

ကျောက်ဂူအိမ်(ကိုရီးယား: 석굴암 石窟庵 ဆောက်ဂူလ်အာမ်)သည် တောင်ကိုရီးယားနိုင်ငံဂယောင်းဂျူမြို့၊ ထိုဟမ်တောင်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ်သည်။

အချက်တိုများ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ, တည်နေရာ ...
အချက်တိုများ Korean name, အက္ခရာဖလှယ်ခြင်းများ ...

တောင်ကိုးရီးယားနိုင်ငံ၊ ဂယောင်းဂျူ ဘုရားကျောင်း၏ အရှေ့ဘက် ၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၎င်းကို တောင်ကိုရီးယားအစိုးရမှ အမျိုးသားဘဏ္ဍာအမှတ် ၂၄ အဖြစ် သတ်မှတ်ထားပြီး ၉၉၄၊ ဂျင်းဟျောန်းဒွံ၊ ဂယောင်းဂျူမြို့၊ ဂယောင်းဆံဘို့ပြည်နယ်တွင် တည်ရှိသည်။ အုတ်ဂူမှ ဂျပန်ပင်လယ်(အရှေ့ပင်လယ်)ကို မြင်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀မီတာတွင် တည်ရှိသည်။ ၁၉၆၂ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ ၂၄ ခုမြောက် နိုင်ငံတော်ဘဏ္ဍာ အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၉၅ခုနှစ်တွင် ကျောက်ဂူအိမ်ကျောင်းကို ဗုဒ္ဓပြည်ဘုရားကျောင်းနှင့် အတူ ယူ‌နေစကိုကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းခဲ့သည်။[] ၎င်းသည် ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓရုပ်ပွားတော်အချို့ကို သာဓကပြလျက် ရှိသည်။ []

Remove ads

ရင်းမြစ်

များသောအားဖြင့် 석굴암(ဆော့ဂ်ဂူလ်အာမ်; ကျောက်ဂူအိမ်)၏ "암(庵)"(အာမ်) အက္ခရာကို ကျောက်၏ အဓိပ္ပာယ် "암(岩)"(အာမ်) အက္ခရာဖြင့် သိရှိထားကြ၍ ကျောက်ဂူအိမ် ကျောက်ဂူအတွက်သာ သုံးသော ဝေါဟာရ ဖြစ်သည်။ သို့သော် ကျောက်ဂူအိမ်၏ "암(庵)"(အာမ်) အက္ခရာသည် ကျောင်းသင်္ခမ်း သို့ အိမ်၏ အဓိပ္ပာယ် "암(庵)"(အာမ်)ဖြင့် ရေးသား၍ ကျောက်ဖြင့် ပြီးသော ကျောင်းသင်္ခမ်း ဂူဟူ၍ အဓိပ္ပာယ်ရသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads