ကျောက်တံတားမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကျောက်တံတားမြို့နယ် သည် ရန်ကုန်မြို့၏ မြို့လည်ခေါင်တွင်တည်ရှိသည်။ ရပ်ကွက် စုစုပေါင်း ၉ ခုရှိသည်။ ကျောက်တံတား၏ အရှေ့ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်မြစ် နှင့် ဆိပ်ကမ်းမြို့နယ်၊ အနောက်ဘက်တွင် ပန်းဘဲတန်းမြို့နယ် နှင့် မြောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း ၅ ကျောင်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်း တစ်ကျောင်းစီ ရှိသည်။
Remove ads
သမိုင်း
ကုန်းဘောင်ခေတ်ဦးကာလက ဆူးလေဘုရားဝန်းကျင်တွင် ရေပတ်လည်ဝိုင်းလျက် ရှိရာ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ချိန် ၁၈၅၂ ခုနှစ်အထိ မဟာဗန္ဓုလပန်းခြံ တောင်ဘက်ခြမ်းမှာ ရေလယ်ကျွန်းကြီး ဖြစ်နေဆဲ ဖြစ်သည်။ ယင်းကျွန်းထက်တွင် ရေလယ်ကြီးကျောင်းနှင့် ရေလယ်ကလေးကျောင်း(ခ)ဘုန်းတော်ကြီး ကျောင်းများ တည်ရှိသည်။ ရေလယ်ကျွန်းဘက်မှ ဆူးလေစေတီတော်ကို ဖူးမြော်လိုပါက ကျောက်တံတား (ခ) အုတ်ကျောက်ဖြင့် တည်ဆောက်ထားသည့် တံတားကို ဖြတ်ကျော်သွားရသည်။ ယင်းကျောက်တံတားကို အစွဲပြု၍ နောင်၌ ဆူးလေစေတီတော် အရှေ့ဘက်ရပ်ကို ကျောက်တံတားရပ်ဟု ခေါ်ဆိုကြသည်။[၁]
Remove ads
ထင်ရှားသောပုဂ္ဂိုလ်
ကျောက်တံတားဇာတိ ထင်ရှားသူ တဦးမှာ စာရေးဆရာ မြို့မအုန်း (ဘားလမ်း၊ ယခု မဟာဗန္ဓုလပန်းခြံလမ်း) ဖြစ်သည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads