မြန်မာနိုင်ငံရှိ ခရိုင်များ
မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသများ From Wikipedia, the free encyclopedia
Remove ads
ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း (၁၂၇)ခရိုင် ရှိသည်။ ခရိုင်များ၏ နယ်မြေဖွဲ့စည်းပုံ ပြောင်းလဲသတ်မှတ်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရသည်။ ခရိုင်များသည် တိုင်းဒေသကြီး/ပြည်နယ် များကဲ့သို့ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများနှင့် မြို့နယ်များကဲ့သို့ တတိယအဆင့် အုပ်ချုပ်ရေးနယ်မြေများအကြား ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရိုင်များ၏ အထွေထွေကိစ္စရပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်သည်။ ထိုရုံးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ပြည်သူ့ဝန်ထမ်းတစ်ဦးက ဦးဆောင်ကာ ခရိုင်အုပ်ချုပ်ရေးမှူးဟု ခေါ်ဝေါ်သည်။[၁]

Remove ads
သမိုင်းကြောင်း
ဗြိတိသျှတို့ မြန်မာပြည်သို့ ရောက်ရှိလာသောအခါ ခရိုင်များနှင့် မြို့နယ်များအား စတင်ဖွဲ့စည်းခဲ့သည်။[၂] တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များအဖြစ် ခွဲခြားအုပ်ချုပ်ကာ ဝန်ရှင်တော်မင်းကြီး၊ ဒုတိယဝန်ရှင်တော်မင်းကြီး၊ ခရိုင်ဝန်နှင့် ဝန်ထောက်များက ဆင့်ကဲတာဝန်ယူအုပ်ချုပ်သည်။[၃]
လွတ်လပ်ရေးရပြီးချိန်တွင် ရှမ်း၊ ကယား၊ ကချင်၊ ကရင်ပြည်နယ်များ၊ တိုင်း (၈)တိုင်း(ချင်းဝိသေသတိုင်း အပါအဝင်)တို့ဖြင့် မြန်မာပြည်ကို ဖွဲ့စည်းခဲ့သည်။[၄] တိုင်း/ပြည်နယ်၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအဖြစ် အဆင့်ဆင့်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးအတွက် တိုင်းမင်းကြီး၊ ဒုတိယတိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်၊ သူကြီးဟူ၍ အဆင့်အလိုက် အုပ်ချုပ်ကြသည်။ ၁၉၇၂ခုနှစ်တွင် ခရိုင်ပေါင်း (၄၂)ခုနှင့် မြို့နယ်ပေါင်း (၂၈၆)ခု၊ ၂၀၀၄ခုနှစ်တွင် ခရိုင်ပေါင်း (၆၅)ခု၊ မြို့နယ်ပေါင်း (၃၂၅)ခု၊ ၂၀၁၄ခုနှစ်တွင် ခရိုင်ပေါင်း (၇၃)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)၊ ၂၀၁၉ခုနှစ်တွင် ခရိုင်ပေါင်း (၇၅)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)ရှိခဲ့သည်။[၁][၅][၆]၂၀၂၂ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ခရိုင်များကို ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ရာ ခရိုင် (၁၂၇)ခုအထိ ရှိလာခဲ့သည်။[၇]
Remove ads
တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်များဇယား
ပြည်နယ်များ
![]() ![]() | ||||||
မြစ်ကြီးနားခရိုင် | တနိုင်းခရိုင် | ချီဖွေခရိုင် | ဗန်းမော်ခရိုင် | မိုးညှင်းခရိုင် | ပူတာအိုခရိုင် | |
မြို့နယ်အရေအတွက် | ၃ | ၁ | ၂ | ၄ | ၃ | ၅ |
ခရိုင်ရုံးစိုက်ရာမြို့ | မြစ်ကြီးနားမြို့ | တနိုင်းမြို့ | ချီဖွေမြို့ | ဗန်းမော်မြို့ | မိုးညှင်းမြို့ | ပူတာအိုမြို့ |
မြေပုံ |
![]() ![]() | ||||
လွိုင်ကော်ခရိုင် | ဒီးမော့ဆိုခရိုင် | ဘောလခဲခရိုင် | မယ်စဲ့ခရိုင် | |
မြို့နယ်အရေအတွက် | ၂ | ၂ | ၂ | ၁ |
ခရိုင်ရုံးစိုက်ရာမြို့ | လွိုင်ကော်မြို့ | ဒီးမော့ဆိုမြို့ | ဘောလခဲမြို့ | မယ်စဲ့မြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() |
![]() ![]() | ||||||
ဘားအံခရိုင် | မြဝတီခရိုင် | ဖာပွန်ခရိုင် | သံတောင်ကြီးခရိုင် | ကြာအင်းဆိပ်ကြီးခရိုင် | ကော့ကရိတ်ခရိုင် | |
မြို့နယ်အရေအတွက် | ၂ | ၁ | ၁ | ၁ | ၁ | ၁ |
ခရိုင်ရုံးစိုက်ရာမြို့ | ဘားအံမြို့ | မြဝတီမြို့ | ဖာပွန်မြို့ | သံတောင်ကြီးမြို့ | ကြာအင်းဆိပ်ကြီးမြို့ | ကော့ကရိတ်မြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() | ![]() | ![]() |
![]() ![]() | ||||||
ဟားခါးခရိုင် | ဖလမ်းခရိုင် | မင်းတပ်ခရိုင် | တီးတိန်ခရိုင် | မတူပီခရိုင် | ပလက်ဝခရိုင် | |
မြို့နယ်အရေအတွက် | ၂ | ၁ | ၂ | ၂ | ၁ | ၁ |
ခရိုင်ရုံးစိုက်ရာမြို့ | ဟားခါးမြို့ | ဖလမ်းမြို့ | မင်းတပ်မြို့ | တီးတိန်မြို့ | မတူပီမြို့ | ပလက်ဝမြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() | ![]() | ![]() |
![]() | ||||
မော်လမြိုင်ခရိုင် | သထုံခရိုင် | ကျိုက်ထိုခရိုင် | ရေးခရိုင် | |
မြို့နယ်အရေအတွက် | ၅ | ၂ | ၂ | ၁ |
ခရိုင်ရုံးစိုက်ရာမြို့ | မော်လမြိုင်မြို့ | သထုံမြို့ | ကျိုက်ထိုမြို့ | ရေးမြို့ |
မြေပုံ |
![]() ![]() | |||||||
စစ်တွေခရိုင် | ကျောက်ဖြူခရိုင် | တောင်ကုတ်ခရိုင် | မောင်တောခရိုင် | မြောက်ဦးခရိုင် | သံတွဲခရိုင် | အမ်းခရိုင် | |
မြို့နယ်အရေအတွက် | ၄ | ၂ | ၂ | ၂ | ၄ | ၂ | ၁ |
ခရိုင်ရုံးစိုက်ရာမြို့ | စစ်တွေမြို့ | ကျောက်ဖြူမြို့ | တောင်ကုတ်မြို့ | မောင်တောမြို့ | မြောက်ဦးမြို့ | သံတွဲမြို့ | အမ်းမြို့ |
မြေပုံ |
![]() ![]() | ||||||||
တောင်ကြီးခရိုင် | ကလောခရိုင် | လွိုင်လင်ခရိုင် | နမ့်စန်ခရိုင် | မိုင်းရှူးခရိုင် | လင်းခေးခရိုင် | ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | |
မြို့နယ်အရေအတွက် | ၂ | ၃ | ၃ | ၃ | ၂ | ၃ | ၃ | ၂ |
ခရိုင်ရုံးစိုက်ရာမြို့ | တောင်ကြီးမြို့ | ကလောမြို့ | လွိုင်လင်မြို့ | နမ့်စန်မြို့ | မိုင်းရှူးမြို့ | လင်းခေးမြို့ | ဟိုပုံးမြို့ | ပင်းတယမြို့ |
လားရှိုးခရိုင် | မူဆယ်ခရိုင် | ကွတ်ခိုင်ခရိုင် | ကျောက်မဲခရိုင် | မိုးမိတ်ခရိုင် | တန့်ယန်းခရိုင် | ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | |
မြို့နယ်အရေအတွက် | ၃ | ၂ | ၁ | ၄ | ၂ | ၂ | ၂ | ၂ |
ခရိုင်ရုံးစိုက်ရာမြို့ | လားရှိုးမြို့ | မူဆယ်မြို့ | ကွတ်ခိုင်မြို့ | ကျောက်မဲမြို့ | မိုးမိတ်မြို့ | တန့်ယန်းမြို့ | နမ့်ဆန်မြို့ | လောက်ကိုင်မြို့ |
ကျိုင်းတုံခရိုင် | တာချီလိတ်ခရိုင် | မိုင်းယောင်းခရိုင် | မိုင်းဆတ်ခရိုင် | မိုင်းတုံခရိုင် | မိုင်းယန်းခရိုင် | မိုင်းလားခရိုင် | (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) | |
မြို့နယ်အရေအတွက် | ၃ | ၂ | ၁ | ၁ | ၁ | ၁ | ၁ |
|
ခရိုင်ရုံးစိုက်ရာမြို့ | တာချီလိတ်မြို့ | ကျိုင်းတုံမြို့ | မိုင်းယောင်းမြို့ | မိုင်းဆတ်မြို့ | မိုင်းတုံမြို့ | မိုင်းယန်းမြို့ | မိုင်းလားမြို့ |
တိုင်းဒေသကြီးများ
![]() ![]() | |||||||||||
ထားဝယ်ခရိုင် | မြိတ်ခရိုင် | ကော့သောင်းခရိုင် | ဘုတ်ပြင်းခရိုင် | ||||||||
မြို့နယ်အရေအတွက် | ၄ | ၄ | ၁ | ၁ | |||||||
ခရိုင်ရုံးစိုက်ရာမြို့ | ထားဝယ်မြို့ | မြိတ်မြို့ | ကော့သောင်းမြို့ | ဘုတ်ပြင်းမြို့ | |||||||
မြေပုံ | ![]() | ![]() | ![]() | ![]() |
![]() ![]() | ||||||
ပဲခူးခရိုင် | တောင်ငူခရိုင် | ပြည်ခရိုင် | သာယာဝတီခရိုင် | ညောင်လေးပင်ခရိုင် | နတ်တလင်းခရိုင် | |
မြို့နယ်အရေအတွက် | ၄ | ၅ | ၄ | ၆ | ၅ | ၄ |
ခရိုင်ရုံးစိုက်ရာမြို့ | ပဲခူးမြို့ | တောင်ငူမြို့ | ပြည်မြို့ | သာယာဝတီမြို့ | ညောင်လေးပင်မြို့ | နတ်တလင်းမြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() | ![]() | ![]() |
![]() ![]() | |||||||
မကွေးခရိုင် | ချောက်ခရိုင် | သရက်ခရိုင် | အောင်လံခရိုင် | မင်းဘူးခရိုင် | ပခုက္ကူခရိုင် | ဂန့်ဂေါခရိုင် | |
မြို့နယ်အရေအတွက် | ၄ | ၂ | ၄ | ၂ | ၅ | ၅ | ၃ |
ခရိုင်ရုံးစိုက်ရာမြို့ | မကွေးမြို့ | ချောက်မြို့ | သရက်မြို့ | အောင်လံမြို့ | မင်းဘူးမြို့ | ပခုက္ကူမြို့ | ဂန့်ဂေါမြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() | ![]() | ![]() | ![]() |
![]() ![]() | ||||||||
ပုသိမ်ခရိုင် | ကျုံပျော်ခရိုင် | ဟင်္သာတခရိုင် | မြန်အောင်ခရိုင် | မအူပင်ခရိုင် | မြောင်းမြခရိုင် | ဖျာပုံခရိုင် | လပွတ္တာခရိုင် | |
မြို့နယ်အရေအတွက် | ၄ | ၃ | ၃ | ၃ | ၄ | ၃ | ၄ | ၂ |
ခရိုင်ရုံးစိုက်ရာမြို့ | ပုသိမ်မြို့ | ကျုံပျော်မြို့ | ဟင်္သာတမြို့ | မြန်အောင်မြို့ | မအူပင်မြို့ | မြောင်းမြမြို့ | ဖျာပုံမြို့ | လပွတ္တာမြို့ |
မြေပုံ | ![]() | ![]() | ![]() | ![]() | ![]() | ![]() | ![]() | ![]() |
ပြည်ထောင်စုနယ်မြေ
![]() | ||||
ဥတ္တရခရိုင် | ဇေယျာသီရိခရိုင် | လယ်ဝေးခရိုင် | ပျဉ်းမနားခရိုင် | |
မြို့နယ်အရေအတွက် | ၂ | ၂ | ၂ | ၂ |
ခရိုင်ရုံးစိုက်ရာမြို့ | ဥတ္တရသီရိမြို့ | ဇေယျာသီရိမြို့ | လယ်ဝေးမြို့ | ပျဉ်းမနားမြို့ |
Remove ads
လူဦးရေအလိုက် ခရိုင်များ
အောက်ပါစာရင်းသည် ၂၀၁၄သန်းခေါင်စာရင်းမှ တိုက်ရိုက်ရယူထားသော အချက်အလက်များဖြစ်သည်။ ထို့ကြောင့် ခရိုင်များသည် ၂၀၁၄ခုနှစ် မတ်လအထိ ဖွဲ့စည်းထားသော ခရိုင်များဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခရိုင် (၇၄)ခရိုင်ရှိသည်။ နောက်ပိုင်းတွင် ခရိုင်များအကြား နယ်မြေများ ပြောင်း၍ဖွဲ့စည်းခြင်း (ဥပမာ- မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း)၊ မြို့နယ်များခွဲထုတ်၍ ခရိုင်အသစ်ဖွဲ့စည်းခြင်း (ဥပမာ- ရွှေဘိုခရိုင်မှ မြို့နယ်များအားခွဲထုတ်၍ ကန့်ဘလူခရိုင်ဖွဲ့စည်းခြင်း၊ မင်းတပ်ခရိုင်မှမြို့နယ်များအား ခွဲထုတ်၍ မတူပီခရိုင်ဖွဲ့စည်းခြင်း) စသည်တို့ဖြင့် အပြောင်းအလဲများရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များမှာလည်း သက်ဆိုင်ရာ မူလခရိုင်များအတွင်းသာ ထည့်သွင်းရေတွက်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးခရိုင်ဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြနေရာခိုင်နှုန်းအမြင့်ဆုံးမှာ ရန်ကုန်မြို့အဖြစ် ပါဝင်ဖွဲ့စည်းသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်ကာ မြို့ပြနေရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းဖြစ်သည်။[၈]
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads