ကျော်မင်းယု

From Wikipedia, the free encyclopedia

Remove ads

ကျော်မင်းယု (၁၃ ဖေဖော်ဝါရီ ၁၉၆၃ – ၂၃ ဇူလိုင် ၂၀၂၂) သည် [] ကလောင်အမည် ဘုန်းသုခ ဖြင့် စာရေးဆရာ၊ကဗျာဆရာ တစ်ဦးဖြစ်သည့်အပြင် [] မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်ကာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။ ကိုဂျင်မီဆိုသည့် အမည်ဖြင့် လူအများ ပိုသိကြသည်။၂၀၂၁ စစ်အာဏာသိမ်းပြီး တစ်နှစ်နှင့်ငါးလကျော်အကြာ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ရက်တွင် ၎င်းအားအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကျူးလွန်သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အင်းစိန်ထောင်ထဲ ကွပ်မျက်ခဲ့သည်။ []

အချက်တိုများ ကျော်မင်းယု, မွေးဖွား ...
Remove ads

နိုင်ငံရေးလှုပ်ရှားမှုများ

ကျော်မင်းယု(ခ)ဂျင်မီ သည် ၈၈၈၈ အရေးတော်ပုံအတွင်း ကျောင်းသားအရေးတော်ပုံတွင် ထင်ရှားကျော်ကြားလာခဲ့သည်။ ၁၉၈၈ခုနှစ် မတ်လ ၁၆ရက်မှစပြီး ဆန္ဒပြကျောင်းသားတစ်ဦးအဖြစ်စတင်ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့မှုဖြင့် အကျဉ်း ထောင်ထဲတွင် ၁၆ နှစ်နေခဲ့ရသည်။ []၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် လောင်စာဆီဈေးတက်ခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်မှုကြောင့် နောက်ထပ် ထောင် ၅ နှစ်ကျခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။[]

Remove ads

စာပေရေးသားမှုများ

အကျဉ်းကျခံနေရစဉ်အတွင်း ဟံသာဝတီဦးဝင်းတင် ထံမှ ဂျာနယ်လစ်ဇင်နှင့်သက်ဆိုင်သည့်ပညာရပ်များ၊ ဦးမျိုးမြင့်ငြိမ်း၏ အကူအညီဖြင့် ရရှိလာသော အင်္ဂလိပ်အဘိဓာန်စာအုပ်တစ်အုပ်ကို ထောင်တွင်း၌ အစအဆုံး အလွတ်ကျက်ခဲ့ခြင်းစသည်တို့က ၎င်းအား နောင်တစ်ချိန်တွင် ဘာသာပြန်စာရေးဆရာအဖြစ် ရပ်တည်ရန် အထောက်အပံ့ကောင်းဖြစ်ခဲ့သည်ဟု မြန်မာတိုင်းမ်ကဖော်ပြသည်။ []

အရေးတော်ပုံတွင်ပါဝင်ခဲ့ပြီးနောက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီး အဆိုးဝါးဆုံး အခက်အခဲမှာ ၎င်းဝါသနာပါသည့် စာရေးခြင်းကို နာမည်အရင်းဖြင့် ထုတ်ခွင့်မရခဲ့ခြင်းဖြစ်သည်။ 'ဂျင်မီ' အမည်ဖြင့် စာရေး ပါက အပိတ်ခံရမည်စိုးသောကြောင့် 'ဘုန်းသုခ' ကလောင်အမည်ဖြင့် ရတီမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့တွင် ပင်တိုင် ရေးသားခဲ့သည်။

ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက်ပိုင်းဘာသာပြန်ရေးသားသူနေရာတွင် အမည်အရင်း ဂျင်မီကို ဖော်ပြနိုင်ခဲ့သည်။

သူသည် ၂၀၀၅ ခုနှစ်တွင် အရောင်းရဆုံးဖြစ်ခဲ့သော Andrew Matthew \ Making friendsစာအုပ်ကိုဘာသာပြန်ထားသော မိတ်ဖြစ်ဆွေဖြစ်(ဘာသာပြန်) စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။[] ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင်  တောင်ကြီးထောင်ကျနေစဉ် ၂၀၁၀ ခုနှစ်က ရေးသားခဲ့သော အင်းလေးကန်ရှိမွန်းဝတ္ထု (လမင်းဆန္ဒာအင်းလေးကန်) ဝတ္ထုကို ထုတ်ဝေခဲ့သည်။ တောင်ကြီးတွင် ထောင်ဒဏ်ကျခံနေရစဉ် ပန်းပုလွင်ပြင် ကလောင်အမည်ဖြင့် ဂျပန်နိုင်ငံတွင် ထုတ်ဝေခဲ့သော နိုင်ငံရေး ခေတ်လွန်ဝတ္ထုတိုများ အများအပြား ရေးသားခဲ့သည်။ ကိုဂျင်မီသည် ထောင်ကျနေစဉ်အတွင်း Angels and Demons နှင့် Da Vinci Code အပါအဝင် ဝတ္ထုများစွာကို ဘာသာပြန်ဆိုခဲ့သည်။၂၀၁၂ခုနှစ်နောက်ပိုင်း ထောင်မှလွတ်ပြီးနောက် စာပေဟောပြောပွဲများကို တစ်နှစ်လျှင် ၃၀မှ ၇၀အထိ လိုက်ပါဟောပြောခဲ့ရသည်။

တေးသီချင်းအချို့ကိုလည်း ဖန်တီးရေးသားသီဆိုမှုလည်းပြုခဲ့သည်။ []

Remove ads

၂၀၂၁ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် အစောဆုံးဖမ်းဆီးခံရသူများထဲတွင်  ကျော်မင်းယု(ခ)ဂျင်မီမပါဝင်ခဲ့ပေ။ သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ၁၃ရက်တွင်မူ မင်းကိုနိုင် တို့နှင့်အတူ ၎င်းသည်  ပုဒ်မ ၅၀၅(ခ)ဖြင့်စစ်ကောင်စီ၏ တရားစွဲဝရမ်းထုတ်ခြင်းကို ခံခဲ့ရသည်။[၁၀] ၂၀၂၁အောက်တိုဘာလ ၂၃ရက်အရောက်တွင်  ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုထဲရှိနေစဉ် ကိုကျော်မင်းယု(ခ) ကိုဂျင်မီဖမ်းဆီးခံခဲ့ရသည်။ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စစ်ဆေးရုံသို့ တင်ခဲ့ရသည်ဟုဖော်ပြသည်။[၁၁] [၁၂] [၁၃] ထို့နောက် ၂၀၂၂ခုနှစ် ဇန်နဝါရီ၂၁ရက်တွင်  ကိုဂျင်မီ(ခ)ကိုကျော်မင်းယုနှင့် NLD ပါတီအမတ် ကို ဖြိုးဇေယျာသော်တို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်းစစ်ကောင်စီကကြေညာခဲ့သည်။[၁၄]

ကြေညာရာတွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း၊ ဖောက်ခွဲမှုများတွင်ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH )တို့နှင့်ဆက်သွယ်မှုပြုလုပ်ခဲ့သည့်အတွက်ကြောင့်ဟု ဖော်ပြခဲ့သည်။

စစ်ခုံရုံးဖြင့် သေဒဏ်ချထားသူ ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်အတည်ပြုလိုက်ပြီဖြစ်ပြီး ကွပ်မျက်ရန် အကျဉ်းထောင်ဘက်က ဆက်လက်လုပ်ဆောင်မည် ဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ဇွန်လ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန်ကန့်ကွက်မှုများပြုခဲ့ကြသည်။ [၁၅] ယင်းနောက် ထောင်အာဏာပိုင်များက ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၂ရက် ညနေ၆နာရီတွင် ကိုဂျင်မီအား. မိသားစုဝင်အချို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ [၁၆] ၂၀၂၂နှစ် ဇူလိုင်လ ၂၅ရက်အရောက်တွင် ကျော်မင်းယု(ခ)ဂျင်မီ ၊ ဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ လှမျိုးအောင် (ခ) ကိုမျိုး နှင့် အောင်သူရဇော် (ခ) ကိုကတုံး တို့ လေးဦးကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများနှင့် အညီ သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ [၁၇] မိသားစုဝင်များက အကျဉ်းထောင်အာဏာပိုင်တို့ထံ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ပြစ်ဒဏ်စီရင်ပြီးတာ အတည်ဖြစ်ကြောင်း တုံ့ပြန်စကားရရှိခဲ့ကာ စီရင်ခဲ့သည့် ရက်အတိအကျအား မပြောကြားခဲ့သည့်သဖြင့် ရုပ်အလောင်း၊အရိုးပြာ ရယူလိုမှုကို လက်မခံပယ်ချခဲ့သည်။ [၁၈]

ပုဂ္ဂိုလ်ရေးဘဝ

ကိုဂျင်မီသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မနီလာသိန်းနှင့် လက်ထပ်ထားသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် သမီးဖြစ်သူ နေချီမင်းယု ရှိသည်။[၁၉] [၂၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads