ကျော်မြင့် (တရားသူကြီး)
From Wikipedia, the free encyclopedia
Remove ads
တရားသူကြီး ဦးကျော်မြင့် ကို အဖ အရေးပိုင် ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်)နှင့် အမိ ဒေါ်မိမိ တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း ခုနစ်ယောက်ရှိသည်။ ဦးကျော်မြင့် သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကြံခံရတဲ့ ဦးတင်ထွဋ်ရဲ့ ညီဖြစ်ပြီး တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ တက္ကသိုလ်ကျောက်စာဖတ်နဲ့ သမာဓိမြို့ဝန် ဒေါ်မြမူ၊ ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ ခေတ်စမ်းစာဆို ခင်စောမူနဲ့ အင်္ဂလိပ်စာဌာနမှူး ဒေါ်တင်စောမူတို့ရဲ့ အစ်ကို ဖြစ်ပါတယ်။[၁] အိုင်စီအက်စ် ဦးတင်ထွဋ် ၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ် ဒေါက်တာထင်အောင် တို့ ညီအစ်ကို ၄ ဦးစလုံးမှာ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်မှ ဘားအက်လော (Bar-at-Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။[၂]
Remove ads
အာဇာနည်ခေါင်းဆောင်များ လုပ်ကြံမှု အထူးခုံရုံး
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသော အမှုကို စီရင်ချက်ချသည့် အထူးခုံရုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဂဠုံဦးစောနှင့် အပေါင်းပါများကို သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။[၃][၄][၅]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads