ကြောင်ကတိုး ကော်ဖီ

အင်ဒိုနီးရှား ကော်ဖီအမျိုးအစား From Wikipedia, the free encyclopedia

Remove ads

ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ္ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။ ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။ ကြောင်ကတိုးမှ ပြုလုပ်ပေးသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။ ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။ ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားသည်။ ကြောင်ကတိုးမစင်များကို လက်အိတ်နှင့် လိုက်ကောက်ရသည်။ ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် လက်အိတ်ကို အသုံးပြုရသည်။ မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရသည်။ ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာသည်။ ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။ ထိုင်းနိုင်ငံတွင် ကြောင်ကတိုး ကော်ဖီအပြင် ဆင်၏ချေးမှရရှိသော ကော်ဖီလည်း ရှိပါသေးသည်။

Remove ads

အခြားကြည့်ရန်

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads