ဆင်၏ချေးမှရရှိသော ကော်ဖီ

From Wikipedia, the free encyclopedia

ဆင်၏ချေးမှရရှိသော ကော်ဖီ
Remove ads

ဘန်ကောက်- ထိုင်းနိုင်ငံ၏ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် Anantara ဟိုတယ်တွင် ဆင်၏ချေးမှရရှိသော ကော်ဖီကို ရောင်းချလျက်ရှိသည်။ ၎င်းကော်ဖီကို The Black Ivory ဟု အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီးများကျွေး၍ အစာခြေစေသည်။ ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်။ ယင်းကော်ဖီမှုန့်ဖြင့် ဖျော်သည့် ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ဖြင့် ရောင်းချသည်။

Thumb
Black Ivory
Thumb
Black Ivory

သုတေသနပြု လေ့လာချက်များအရ အစာခြေနေစဉ် တွင် ဆင်၏ခန္ဓာကိုယ်မှ အင်ဇိုင်းဓာတ်များသည် ကော်ဖီ၏ ပရိုတင်းဓာတ်ကို ချေဖျက်ပစ်လိုက်သည်။ ကော်ဖီ၏ ခါးသက်သော အရသာမှာ ယင်းပရိုတင်းဓာတ်ကြောင့် အဓိက ဖြစ်၍ ပရိုတင်းဓာတ်နည်းပါးသွားလျှင် အခါးအရသာ မရှိသလောက်ဖြစ်သွား သည်ဟု ဆိုသည်။ ထိုင်းအခြေစိုက် Anantara ဟိုတယ်လုပ်ငန်းတစ်ခုက ၎င်းတို့၏ ဆင်ကယ်ဆယ်ရေးစခန်းတွင် ဆင်ထိန်းများနှင့်အတူ ဆင်အကောင် ရေ ၃၀ ခန့် ထားရှိသည်။ ထိုင်းဟိုတယ်၏ ဆင်ချေး ကော်ဖီမှာ နှစ်ခွက်လျှင် အမေရိကန် ဒေါ်လာ ၅၀ ရောင်းချပြီး ကြောင်ကတိုး ကော်ဖီမှာ တစ်ကီလိုဂရမ်လျှင် ၇၄၈ ဒေါ်လာကုန်ကျသည်။ []

Remove ads

ကျမ်း​ကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads