ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ၆ မိုင်ခန့်အကွာ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်တွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၂၁၅ ဧက ဖြစ်သည်။[၁]
သမိုင်းကြောင်း
ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၃ ဆက်သွယ်ရေး အလုပ်ရုံတပ်၏ မြေနှင့်အဆောက်အဦများကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန မှ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လွှဲပြောင်းရရှိခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads