ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်)

From Wikipedia, the free encyclopedia

Remove ads

ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်) (ယခင် ထားဝယ်ကွန်ပျူတာတက္ကသိုလ်) သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ လေယဉ်ကွင်းလမ်း၊ ညောင်ရမ်းတောင်ရပ်တွင် တည်ရှိသည်။ [] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

အချက်တိုများ
Remove ads

သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ကို ၂၀ဝ၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ ရှမ္မလည်ဆွဲရပ်တွင် တည်ရှိသော ထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်းတွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကွန်ပျူတာအသုံးချ ကျွမ်းကျင်မှုသင်တန်းနှင့် ပထမနှစ်သင်တန်းဟူ၍ ဖွင့်လှစ်ခဲ့ရာ ၂၀ဝ၂ ခုနှစ်အတွက် ပထမနှစ်ကျောင်းသူ(၃)ဦး နှင့် ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင်တန်းသား ကျောင်းသား၊ ကျောင်းသူ ဦးရေ (၄၄) ဦးဖြင့် စတင်သင်ကြားပို့ချခဲ့သည်။ ထို့နောက် ၂၀ဝ၄ ခုနှစ်မှစ၍ နှစ်စဉ် ကွန်ပျူတာကောလိပ်(ထားဝယ်)မှ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘွဲ့ရများ မွေးထုတ်ပေးလျက်ရှိရာ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)မှ မဟာသုတသိပ္ပံဘွဲ့ရ ကျောင်းသား/ကျောင်းသူ (၂) ဦးကို ၂၀ဝ၈ ခုနှစ်မှ စတင်၍ မွေးထုတ်ပေးခဲ့သည်။ ၂၀ဝ၉ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ကို ယခုလက်ရှိ တည်နေရာဖြစ်သော လေယဉ်ကွင်းလမ်း၊ ညောင်ရမ်းတောင်ရပ်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။[]

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထားဝယ် ကွန်ပျူတာတက္ကသိုလ်နှင့် ထားဝယ်နည်းပညာတက္ကသိုလ်နှစ်ခုအား ပူးပေါင်းကာ ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်) အဖြစ် ဖွင့်လှစ်ခဲ့သည်။[][]

Remove ads

သင်တန်းများ

ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • မြို့ပြ အင်ဂျင်နီယာ သင်တန်း
  • အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း
  • စက်မှု အင်ဂျင်နီယာ သင်တန်း
  • ကွန်ပျူတာသိပ္ပံသင်တန်း
  • ကွန်ပျူတာ နည်းပညာသင်တန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads