ကွန်ပျူတာတက္ကသိုလ်(မြိတ်)
မြိတ်မြို့ရှိ တက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာတက္ကသိုလ်(မြိတ်)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တနင်္သာရီမြို့သို့သွားသော ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး မြိတ်မြို့မှ ၈ မိုင် ၇ ဖာလုံခန့် ကွာဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်း မှာ ၂၅.၇၁ ဧကဖြစ်သည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
အစိုးရကွန်ပျူတာကောလိပ်(မြိတ်) ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မြိတ်မြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အဆောက်အဦတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့၌ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာရှိ အစိုးရကွန်ပျူတာကောလိပ်(မြိတ်) ကျောင်းဝင်းမြေနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရွှေဒူးကျေးရွာရှိ မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီးဘေး သုံးထပ်ပင်မကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ [၁]
Remove ads
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(မြိတ်)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
- ပုံမှန်သင်တန်းများ
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
- ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
- လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ
- ကွန်ပျူတာအခြေခံ အသုံးချသင်တန်း
- ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း
Remove ads
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(မြိတ်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
- ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads