တနင်္သာရီမြို့
မြန်မာ၊ တနင်္သာရီတိုင်းရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
တနင်္သာရီမြို့သည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ရုံးစိုက်ရာမြို့ဖြစ်သည်။ တနင်္သာရီမြို့နယ်သည် တနင်္သာရီမြစ်ငယ်နှင့် မြစ်ကြီးဆုံရာအရပ်၌ တည်ရှိသည်။ မြို့နယ်၏နယ်နိမိတ်မှာမြောက်ဘက်၌ ပုလောမြို့နယ်၊ အရှေ့ဘက်၌ တနင်္သာရီမြစ်ငယ်၊ တောင်ဘက်၌ ဘုတ်ပြင်းမြို့နယ်၊ အနောက်ဘက်၌ အိန္ဒိယသမုဒ္ဒရာတို့ဖြစ်သည်။ တနင်္သာရီမြို့ကို ခရစ် ၁၃၇၃ ခုနှစ်တွင် ယိုးဒယားမင်းတို့ သိမ်းယူခဲ့သည်ဟု ဆိုသည်။ သို့သော် ခရစ် ၁၇၅၉ ခုနှစ်တွင် အလောင်းဘုရားသည် တနင်္သာရီမြို့ကို အပြီးအပိုင်သိမ်းပိုက်လေသည်။
တောင်ထူထပ်၍ သစ်တောများဖြင့်ဖုံးအုပ်လျက်ရှိသောနယ်ဖြစ်၏။ နယ်အတွင်းသူများသည် လယ်ယာစိုက်ပျိုးခြင်းအလုပ်ကို လုပ်ကိုင်ကြ၏။ လမ်းပန်းအဆက်အသွယ် လွယ်ကူမှုမရှိလှသောကြောင့် စည်ကားခြင်းမရှိချေ။ မြို့နယ် အကျယ်အဝန်းမှာ ၄ဝ၃၃ စတုရန်းမိုင်ဖြစ်သည်။ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၅၁၄ ယောက်[၁] ဖြစ်သည်။
တနင်္သါရီမြစ်ကြီး ၏ အထက်ဖက်တွင် စတိန်သောင်၊ မမသောင်၊ ဘန်လောအရှေ့အနောက်၊ ဘန်လင် ၊ ရေပေါ၊ သမီးလှ အရှေ့ အနောက်၊ တကူကျေးရွာအုပ်စု ကော်တော၊ ကိုးအင်း ၊ ဝမ်းနာ ၊ ကျောက်စရစ် ၊ တကူငယ်၊ ပြည်အေး ၊ တိုက်ကမ်း၊ မြရာချောင်း၊ ရွာမ ၊ ကျောင်းထက်ပိုင်း၊ လမိုင်းကော်၊ ဖိုးကင်ထောင့် ၊ ၎င်းကျေးရွာများသည် တနင်္သါရီ မြစ်ကြီးဘေးတွင်တည်ရှိပါသည်။
Remove ads
ပထဝီဝင်အနေအထား
တနင်္သာရီမြို့နယ်သည် မြန်မာနိုင်ငံတော်၏အရှေ့တောင်ဘက်၊ တနင်္သာရီကမ်းရိုးတန်းဒေသ၏ တောင်ဘက်၊ မြောက်လတ္တီတွဒ် ၉ဝ ဒီဂရီ မှ ၁ဝဝ ဒီဂရီကြား (၉ဝ ဒီဂရီ ၅၁ မိနစ်နှင့် ၉၉ ဒီဂရီ ၄ဝ မိနစ်ကြား) တွင်တည်ရှိသည်။ အရှေ့လောင်ဂျီတွဒ် ၁ဝ ဒီဂရီ မှ ၁၄ ဒီဂရီကြား ၁၂ ဒီဂရီ မျဉ်းပေါ်၌တည်ရှိသည်။ ရန်ကုန်မြို့မှ ကမ်းရိုးတန်းမိုင် ၄၁၄ မိုင်၊ မြိတ်မြို့မှ ရေလမ်း ၄၅ မိုင်၊ ကားလမ်း ၅၂ မိုင် အကွာအဝေးတွင် တနင်္သာရီမြို့တည်ရှိသည်။ တနင်္သာရီမြို့သည် ချောင်းကြီးမြစ်ခေါ် တနင်္သာရီမြစ်ကြီးနှင့် ချောင်းငယ်မြစ်ခေါ်တနင်္သာရီ မြစ်ငယ်နှစ်စင်းတို့ပေါင်းဆုံရာ လက်ယာဘက်တွင် တည်ရှိသည်။ တနင်္သာရီမြို့၏ မြေပုံညွှန်းမှာ ဇက် ၁၉၁၂ဝ၂ ဖြစ်သည်။
Remove ads
နယ်နိမိတ်
တနင်္သာရီမြို့နယ်၏ ဆက်စပ်နယ်နိမိတ်များမှာ- မြောက်ဘက်တွင် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲမှ ၃ဝ မိုင်၊ အနောက်ဘက်တွင် ပုလောမြို့နယ် ၄၉ မိုင် မြိတ်မြို့နယ် ၃၃ မိုင်၊ ကျွန်းစုမြို့နယ် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ၁၅၉ မိုင်၊ တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ် ၄၈ မိုင် အသီးသီး ဆက်စပ်လျက်ရှိသည်။ တနင်္သာရီ၏ ဝန်းရံနယ်နိမိတ်မှာ အရှေ့၊ မြောက်နှင့် အနောက်ဘက်တို့တွင် ချောင်းငယ်မြစ်နှင့် ချောင်းကြီးမြစ်တို့ ဝန်းရံထားပြီး တောင်ဘက်တွင် လုံးခရမ်းတောင်၊ ကြယ်ခြွေတောင်နှင့်တနင်္သာရီတောင် တို့ဝန်းရံထားသည်။ မြို့၏ဧရိယာကို အရှေ့တောင်ဘက်တွင် တပ်ဦးကွင်း၊ နတ်ကူတောင်၊ အနောက်တောင်ဘက်တွင် ဒါးသွေးချောင်းအထိ သတ်မှတ်ထားသည်။
Remove ads
အကျယ်အဝန်း
တနင်္သာရီမြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ (၂၈ဝ၃၂၉၆ ဧက) စတုရန်းမိုင် (၄၃၈ဝ.ဝ၅) ဖြစ်သည်။ မြောက်မှတောင်သို့ ၁၄၃.၃ မိုင်၊ အရှေ့မှ အနောက်သို့ ၅၈.၂၄ မိုင်ကျယ်ဝန်းသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်မြေဧရိယာအကျယ်အဝန်းဆုံး မြို့နယ်ဖြစ်သည်။ တနင်္သာရီမြို့နှင့် ၈၂ မိုင်အကွာ မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မောတောင်သည်(၄ဝ၄ဝ)ပေမြင့်ပြီး နယ်ခြားမှတ်တိုင်နှင့် တောင်ကြားလမ်းရှိသည်။
တနင်္သာရီဟူသော ဝေါဟာရ
ဦးမေအောင်က တနင်္သာရီဟူသော ဝေါဟာရသည် တနင်းဩီ ဟူသော မွန်ဘာသာစကားမှ ရွေ့လျားလာသည်ဟု ဖော်ပြခဲ့သည်။ နောက်အယူအဆတစ်ခုမှာ မွန်တို့သည် မြိတ်ကို တိန်းန် ဟု မြို့အမည်ကို ထိပ်မှ ခေါ်ဆိုလေ့ရှိသည်။ (ဥပမာ တိန်းန်ဟမစော ဟံသာဝတီမြို့၊ တိန်းန်မုပလိန်န် မော်လမြိုင်မြို့) ဟု မြို့ကို တိန်းန် ဟုရှေးမှခေါ်လေ့ရှိသည်။ အရင်က ခရင်းသေဟု စတင်ခေါ်ဆိုရာမှ တရင်းသေ၊ ထိုမှ တိန်း သရေ) တနိန်းသရေ တနင်းသာရေ) တနင်္သာရီဟု အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်လာခဲ့သည်ဟု ယူဆကြသည်။ တိန်းန်သရေ (မွန်၊ ပါဠိ) တိန်းန်မှာ မြို့၊ သရေ=သရီ၊ ဩီ=သီရိ= ကျက်သရေ ဟု မြန်မာပြန်လျှင် ကျက်သရေရှိသောမြို့ ဟုအဓိပ္ပာယ်ရသည်။ ဦးတင်လှ က ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲ၌ တင်သွင်းခဲ့သော သူ၏စာတမ်း၌ မြန်မာဘာသာစကားများအတွင်းသို့ ရောက်ရှိနေသော လူမျိုးခြား တို့၏စကားများတွင် မလေး(ပသျူး)လူမျိုးတို့ (ရောင်စုံပန်းများ ပွင့်ရာမြေ) တာနာဆာရီ၊ တာနားသရိ၊ ထိုမှတစ်ဆင့် တနင်္သာရီကို ခေါ်ဆို ကြောင်း မွန်တို့မှတစ်ဆင့် ရောက်ရှိသွားသော စကားလုံးများဖြစ်နိုင်သည်ဟု ဆိုထားသည်။ ထိုင်းဘာသာစကားအရ ယိုးဒယားတို့ ဝင်ရောက်လွှမ်းမိုးလာသည့် နောက်ပိုင်းတွင်မှ ယိုးဒယားတို့က တနင်္သာရီကို ထနောင်စီ (ထနောင်ဆီရီ-ထနောင်သီရိ)ဟု အသံထွက်ခေါ်ဝေါ်ကြပြီး ရွှေပေါရာမြေဟု အဓိပ္ပာယ်ရသည်။ ထို့ပြင် မလေးဘာသာစကားအရ တာနာဆာရီ သို့မဟုတ် တာနားသရိ ရောင်စုံပန်းများ ဖူးပွင့်ရာ မြေ သို့မဟုတ် သံပရာသီးပေါရာမြေဟု အဓိပ္ပယ်ရသည်။Tenasserim တနက်ဆီယမ်ဝေါဟာရသည် Tenat or Thanet ဆိုသည့်ထိုင်းဘာသာစကား အရ (တို့ပိုင်မြေ)ဟူသည့်အဓိပါယ်နှင့် Siam (Siam is the former name of Thailand, and is used to refer to the historical region of Central Thailand, usually including Southern Thailand.) Siam တသားတည်းဆိုသည့် နှစ်ပေါင်း ၄၀၀နည်းပါးအုပ်ချုပ်ခဲ့သည့် ထိုင်း တို့၏အသံထွက်အဓိပါယ်ဖြစ်ပါသည် မွန်စကားလည်းမဟုတ်ပါ။မလေးရှားစကားလည်းမဟုတ်ပါ ..တနင်္သာရီ စကားလုံးသည် ဗမာစာလည်းမဟုတ်သလို ဗမာလိုလုံးကောက်လည်းမရှိပါ။ထိုင်းတို့၏ စာသားနဲ့အသံထွက်ကိုအလောင်းဘုရားထိုင်းတို့ကိုတိုက်ထုတ်ခဲ့သည့် Burmese–Siamese War (1759–1760) မတိုင်မှီက ထိုင်းတို့က နှစ်ပေါင်း ၄၀၀နည်းပါးအုပ်ချုပ်ခဲ့သည့် ထိုင်းပိုင်နက်ဖြစ်သည်။ ကမ်းရိုးတန်းထွက်ပေါက် ရေတပ်အင်အားတိုးချဲ့နိုင်ရန် အလောင်းဘုရားသည် ဘုရင့်နောင်မင်းတရားကဲ့သိုတတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့ခြင်းသာဖြစ်သည်။ဗြိတိသျှတို့က Tenasserim ဟုခေါ်ဆိုခဲ့ရာမှတွင်လာပါသည်။မှန်နန်းရာဇဝင် ဒုတိယတွဲ အလောင်းဘုရား တနင်္သာရီ တိုင်းကိုသိမ်းပိုက်ရန် ရှေ့ပြေးလွှတ်သည့်မွန်လူမျိုးစစ်ကဲညီနောင် လောက်ဖျားကြီးနှင့်လောက်ဖျားလေးတို့တင်လျှောက်သည့်ကာလကပင် ထိုင်းပိုင်နက်အမည်ပေါက်သည့် တနက်နှင့်ဆီယင်စာလုံးပေါင်းအဓိပါယ်လည်းဖြစ်ပါသည်။ကိုးကား..https://en.wikipedia.org/wiki/Burmese%E2%80%93Siamese_War_(1759%E2%80%931760) [၂]
Remove ads
သမိုင်းနောက်ခံ
တနင်္သာရီတိုင်းဒေသကြီးဟု မြန်မာနိုင်ငံလုံး၏ တိုင်းနှင့်ပြည်နယ်သတ်မှတ်ချက်များတွင် တိုင်းတစ်တိုင်း အနေဖြင့် လူသိများခြင်း၏ အရင်းခံဇစ်မြစ်မှာ တနင်္သာရီဟူသော သမိုင်းဝင်ရှေးဟောင်းမြို၏ အမည်ကြောင့် ဖြစ်လေသည်။ တနင်္သာရီအကြောင်းကို မွန်-မြန်မာ ရာဇဝင်သမိုင်းများတွင် လက်လှမ်းမှီသမျှ စာစောင် အသီးသီး မှဖော်ပြကြသည်။ မုဒုံမြို့ ကန်ကြီးစေတီသမိုင်းတွင် မွန်ဒေသဖြစ်သော တနင်္သာရီဟု တွင်လာသည့်နေရာသည် လွန်ခဲ့သောနှစ်ပေါင်း(၂၅ဝဝ) ကျော်လောက်ကပင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ခရစ် မပေါ်မှီနှင့် ခရစ်ဆယ်စုနှစ်များအထိ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထားဝယ်ရာဇဝင်တော်ကြီးတွင် သုဝဏ္ဏဘူမိ သထုံပြည် နရုတိမင်းသည် တနင်္သာရီမြို့မှ လှေပျက်၍ရောက်လာကြသော တနင်္သာရီသားငါးယောက်တို့ကို လမ်းပြစေလျက် သာသနာပြုသက် (၁၇)ခုနှစ် တွင် ဒူကရတိုင်း၊ အောင်သာဝတီပြည်၊ ကလိန်အောင်မြို့ ကိုတည်ထောင်သည်ဟု ဖော်ပြသည်။ ကလိန်အောင်မြို့မှ ဓမ္မသေနမင်း၊ တနင်္သာရီမြို့မှ ကောရမ္ဘမင်း၊ နဂါးမင်းတို့သည် သာသနာ နှစ်(၂၃၈)ခုနှစ်၊ တပေါင်းလပြည့်တွင် ထားဝယ်မြစ်ဝ ရှင်မော်တောင်၌ အံတော်စေတီကိုတည်ကြရာ ကောရမ္ဘမင်းသည် ကနက်သီရိမြို့ ကိုတည်ထောင်ပြီး ခေတ္တစိုးစံခဲ့လေသည်ဟု ထားဝယ်ကျော်မင်းက ဖော်ပြထားသည်။
တကောင်းခေတ်မတိုင်မီ လွန်ခဲ့သည့်နှစ် ၃ဝဝဝခန့်က ပျူနိုင်ငံရှိခဲ့သည်။ ပျူမင်းပေါင်း(၁၃၉၃)ပါး ရှိခဲ့ပြီး ပျူနိုင်ငံလက်အောက်ခံပြည်ထောင်ပေါင်း ၂၈ ပြည်ထောင် ဆီက ၁၂ ပြည်ထောင်ရှိသည်။ ယင်း၌ တနင်္သာရီပါဝင်သည်ဟု ဖော်ပြကြသည်။ ပျူမင်းဆက် တမ္ဗဒီပပျူမင်းပေါင်း(၁၉ဝ)တွင် နောက်ဆုံး မင်းဆက် ကလာဗုမင်းကို မြေမျို၏။ မြို့ကိုလည်း သန်လျက်မိုးရွာ၏။ လူတို့သည် ဓညဝတီရခိုင်သို့ တစ်စု၊ ထားဝယ်သို့တစ်စု၊ တနင်္သာရီသို့တစ်စု သုံးစုခွဲ၍ ရောက်ကုန်၏ဟု ဖော်ပြသည်။ ဤကား ရှေးဟောင်းရာဇဝင်ကြီးများ၏ အဆိုတည်း။ ရှေးဟောင်းပျူခေတ်နောက်ပိုင်းတွင်လည်း တနင်္သာရီရှေးဟောင်းမြို့တော် နှင့်ဆက်နွယ်မှုများ ရှိခဲ့ပေသည်။ ပုဂံမင်းဆက် ပေါင်း(၅၅)ဆက် ပုဂံသက္ကရာဇ် ၇၃ဝ၊ မြို့သက် ၁၂၆၁ နှစ်ရှိခဲ့ရာတွင် သမုတိရာဇ်မင်းမှစ၍ ရေတွက်လျှင် စတုတ္တပုဂံခေတ် ၄၂ ဆက်မြောက် အနော်ရထာမင်း(အေဒီ ၁ဝ၄၄-၁ဝ၇၇) လက်ထက် သထုံမှ ဆက်၍ တနင်္သာရီအထိ သိမ်းသွင်းပြီး နိုင်ငံတော်အတွင်း သိန်းပြုမြို့များ တည်ထောင်ခဲ့သည်။

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads