ကွန်ပျူတာသိပ္ပံပညာ
From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာသိပ္ပံပညာ (Computer science) သို့မဟုတ် ကွန်ပျူးတင်းပညာ (computing science) ဟူသည် သတင်းအချက်အလက် (information) နှင့် အတွက်အချက် (computation) များဆိုင်ရာ အခြေခံ သီအိုရီ သဘောတရား များကို လေ့လာခြင်း နှင့် ယင်းအခြေခံအုတ်မြစ်များပေါ်တွင် အခြေပြု၍ ကွန်ပျူတာစနစ်များ (computer system) ကို အသုံးပြုကာ လက်တွေ့ အသုံးချမှုများကို စူးစမ်းလေ့လာသော ပညာရပ်ဖြစ်သည်။ ကွန်ပျူတာသိပ္ပံပညာရှင် များသည် သတင်းအချက်အလက်များကို ဖန်တီးနိုင်၊ ဖော်ပြနိုင်၊ ပြောင်းလဲစေနိုင်စွမ်းရှိသော အဆင့်ဆင့်တွက်နည်း (algorithm) များကို တီထွင်ခဲ့ကြသည်။ [၁][၂]
ကွန်ပျူတာသိပ္ပံပညာရပ်အောက်တွင် များစွာသော ပညာရပ်ခွဲများ ထပ်မံခွဲစိပ်ထားသည်။
- တွက်ချက်ရှုပ်ထွေးမှုဆိုင်ရာသီအိုများ
- ကွန်ပျူတာဂရပ်ဖစ်ပညာ
- ပရိုဂရမ်းမင်းပညာ
- လူနှင့်ကွန်ပျူတာဆက်သွယ်မှုပညာ
အများအားဖြင့် ကွန်ပျူတာသိပ္ပံပညာရှင် (computer scientist) များကို သတင်းအချက်အလက်နည်းပညာ (information technology) ဘက်မှ ကွန်ပျူတာကျွမ်းကျင်သူများနှင့် လွဲမှားလေ့ရှိသည်။ သို့မဟုတ် ကွန်ပျူတာသိပ္ပံပညာသည် ကွန်ပျူတာကို အသုံးချတတ်သော အတွေ့အကြုံ တတ်သိမှုနှင့် ပတ်သက်နေသည်ဟု လွဲမှားစွာထင်မှတ်နေတတ်သည်။ [၃]
Remove ads
သမိုင်းကြောင်း
ကိုးကား
လေ့လာရန်စာအုပ်အညွှန်း
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads