ခဂ္ဂဝိသာဏသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ပစ္စေကဗုဒ္ဓါ အရှင်မြတ် (၄၃)ပါးတို့၏ ပစ္စေကဗုဒ္ဓါဖြစ်ခဲ့သော ကျင့်စဉ်များကို တစ်ဂါထာစီအားဖြင့် (၁) ပစ္စေကဗောဓိဉာဏ်ကို ထိုးထွင်း၍ သိမြင်တော်မူရာအခါ၌၊ (၂) ဂန္ဓမာဒနတောင် မဉ္ဇူသကသစ်ပင်ရင်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ စည်းဝေးရာ အရပ်၊ (၃) အရှင်အာနန္ဒာထေရ်က ဘုရားရှင်အား မေးမြန်းလျှောက်ထားရာအခါ၊ (၄) ပဌမသံဂါယနာတင်ရာအခါ-တို့၌ လေးကြိမ်တိုင်တိုင် ဟောကြားအပ်သော ဒေသနာတော်များဖြစ်ပါသည်။ ။

သုတ္တနိပါတပါဠိတော်၌ “ခဂ္ဂဝိသာဏသုတ္တ”ဟု ပါရှိသည်။ ယင်း၏အဖွင့် အဋ္ဌကထာကို “ပရမတ္ထဇောတိကာ”အမည်ဖြင့် အရှင်ဗုဒ္ဓဃောသကထေရ် ဖွင့်ဆိုခဲ့ပါသည်။ အဋ္ဌကထာ၌ -ဤသုတ်တော် ဖြစ်ပေါ်လာပုံ၊ သဗ္ဗညုဗုဒ္ဓ သုံးမျိုး, ပစ္စေကဗုဒ္ဓ, အဂ္ဂသာဝက, မဟာသာဝကလောင်းလျာတို့ ပါရမီတော်ဖြည့်ကျင့်ပုံ အပိုင်း အခြား၊ ယင်းဗုဒ္ဓတို့နှင့် ဆက်စပ်၍ အသေးစိတ်သိမှတ်ဖွယ်ရာများ၊ ဂတပစ္စာဂတဝတ် ကျင့်စဉ် နှင့် သာဓကဝတ္ထု အကျိုးဆက်များ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဖြစ်တော်စဉ် အကျဉ်းများ၊ ဂါထာ၌ ပါရှိသောပုဒ်တို့၏ အဖွင့်များ၊ အခြားသိမှတ်ဖွယ် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြတော်မူထားပါသည်။

အပဒါနပါဠိတော်၌ “ပစ္စေကဗုဒ္ဓအပဒါန”ဟု ကဏ္ဍတစ်ခုထား၍ ဟောတော်မူထားပါသည်။ ယင်း၏ အဋ္ဌကထာကို “ဝိသုဒ္ဓဇနဝိလာသိနီ”ဟု အမည်တပ်၍ ရှေးမထေရ်တစ်ပါး ဖွင့်ဆိုတော်မူခဲ့ပါသည်။ အဋ္ဌကထာရှေ့ပိုင်း၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ် (၆၄)ပါးတို့၏ အမည်များကို ပြဆိုထားပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဖြစ်တော်စဉ်နှင့် ဂါထာ၌ပါရှိသောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။

စူဠနိဒ္ဒေသပါဠိတော်၌ သုတ္တနိပါတလာ ခဂ္ဂဝိသာဏသုတ်ကို အရှင်သာရိပုတ္တရာထေရ်က “ခဂ္ဂဝိသာဏသုတ္တနိဒ္ဒေသ”ဟု ပါရာယနာနုဂီတိဂါထာနိဒ္ဒေသအမည်ဖြင့် အရှင်ဥပသေနမထေရ်က ဖွင့်ဆိုခဲ့ပါသည်။ []

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads