ခင်မောင်အေး (မန္တလေး)

From Wikipedia, the free encyclopedia

ခင်မောင်အေး (မန္တလေး)
Remove ads
အချက်တိုများ
Remove ads

ခင်မောင်အေး (မန္တလေး) (၁၉၃၁)

  • ၁။ အမည်ရင်း - ဦးခင်မောင်အေး
  • ၂။ မိဘအမည် - ဦးဖိုးညှင်း + ဒေါ်ဖွားစု (အမှန်တကယ် အဖေရင်းနှင့် အမေရင်းမှာ တောတွင်း၌ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဥက္ကဋ္ဌ ဖြစ်သူ သခင်သန်းထွန်းနှင့် ခေါ်ခင်ခင်ကြီး တို့ ဖြစ်သည်။ ၂၂-၈-၂၀၁၈ ကြေးမုံသတင်းစာပါ နာရေးကြော်ငြာတွင် ပါရှိသော မိဘ (၂) ပါးမှာ ဦးစောမောင်နှင့် ဒေါ်ခင်ကြီး (မြောင်းမြ) ဖြစ်ပြီး တစ်ဦးတည်းသောသားဖြစ်ကြောင်း ပါရှိသည်။)
  • ၃။ မွေးသက္ကရာဇ် - ၉၊ ၂၊ ၁၉၃၁
  • ၄။ မွေးဖွားရာဒေသ - မြောင်းမြမြို့
  • ၅။ ကလောင်အမည်ခွဲများ - စိုင်းဆေးနော်၊ ညိုမင်းလွင်
Remove ads

ကိုယ်ရေးဖြစ်စဉ်

ခင်မောင်အေး (မန္တလေး) ကို မြောင်းမြမြို့၌ အဖ ဦးစောမောင်၊ အမိ ဒေါ်ခင်ကြီး (မြောင်းမြ) တို့မှ ဖွားမြင်သည်။ မိခင် ဒေါ်ခင်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အစ်မအရင်းဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆိုလျှင် မောင်နှမတစ်ဝမ်းကွဲတော်စပ်သည်။

မွေးသက္ကရာဇ်မှာ ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်သည်။ ငယ်စဉ်က မြောင်းမြမြို့ အစိုးရ အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းခဲ့သည်။ တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း ဗိုလ်သင်တန်းအပတ်စဉ် (၈) ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ ကြည်း-၆၄၇၆ ဖြစ်သည်။ ရုပ်ရှင်မင်းသားဦးဝင်းဦးမှာလည်း ဗိုလ်သင်တန်းအပတ်စဉ် (၈) ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဗိုလ်သင်တန်းအပတ်စဉ် (၉) ကျောင်းဆင်းဖြစ်သည်။

၁၉၄၉ ခုနှစ်မှ စ၍ ကဗျာနှင့် ဝတ္ထုများ စတင် ရေးသားခဲ့သည်။ သေနတ်ပြစ်၊ တောလိုက် ဝါသနာပါ၍ ထိုအတွေ့အကြုံများအရ တပ်မတော် တာဝန်မှ အားလပ်ချိန်တွင် ဝါသနာ အလျောက် စာနယ်ဇင်းများတွင် ဆောင်ပါးပုဒ်ရေ တရာ့ ငါးဆယ်ခန့်နှင့် ဝတ္ထုတို၊ ဝတ္ထုရှည် လေးရာကျော်ခန့် ရေးသားခဲ့သည်။

တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတွင် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ် အထိ မြဝတီမဂ္ဂဇင်းတိုက် အယ်ဒီတာချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့သည်။ စာပေလုပ်သားအဖွဲ့ အတွင်းရေးမှူးတာဝန်နှင့် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ နတ်မောက်မြို့နယ် အမှတ် (၂)၊ မဆလ ပြည်သူ့ လွှတ်တော် ကိုစားလှယ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်၊ အမျိုးသားစာပေဆု (ဝတ္ထုတို တတိယဆု) ကို 'ကျားနှင့်မုဆိုး' စာအုပ်ဖြင့် ရရှိသည်။ အနောက်ရန်ကင်း၊ ရန်အေးလမ်းသွယ် (၂)၊ တိုက် (၃၃၁) အခန်း (၁၇) တွင် နေထိုင်ရင်း စာနယ်ဇင်းများတွင် စာပေများ ရေးသားခဲ့သည်။

၂၁-၈-၂၀၁၈ (အင်္ဂါနေ့) မွန်းလွဲ ၁:ဝ၀ နာရီတွင် မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက် တိုက် (၉/၄)၊ အခန်း (ဝ၄) ရန်ငြိမ်းအိမ်ရာတွင် ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည်။[]

Remove ads

ရေးသား ထုတ်ဝေ ခဲ့ပြီးသော စာအုပ်များ

၁။ ကျားနှင့်မုဆိုး ၁၉၆၄

၂။ ငိုပါနဲ့လေ ချစ်သောနီနီ ၁၉၆၈

၃။ အကွေ့အလိမ် အတိမ်အနက်နှင့် အလင်းအမှောင် ၁၉၆၈

၄။ ချစ်ရသူ၏ နှလုံးသား လက်ဆောင် ၁၉၇၇

၅။ ပုလဲ ခရုအိမ် အသဲ အနုအလိမ် ၁၉၇၉

၆။ တောမုဆိုး၏ ပရိယာယ်ကမ္ဘာ ၁၉၈၁

၇။ ရိုးမကျား ၁၉၈၅

၈။ မုဆိုးတို့၏ နွေ ၂၀၀၃

Thumb

[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads