ခင်သီရိသက်မွန်

စီးပွားရေးလုပ်ငန်းရှင် From Wikipedia, the free encyclopedia

Remove ads

ခင်သီရိသက်မွန် (၁၉၈၁ ဒီဇင်ဘာ ၅ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သူမသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သည်။

အချက်တိုများ ခင်သီရိသက်မွန်, မွေးဖွား ...
Remove ads

အမှတ်မထင်လုပ်ငန်းရှင်ဘဝ

Everfit အားကစားရုံများကို ထောင်ကာ လူမြင်ကွင်းမှ ရှောင်နေသည်။ နောက် သူအရင်းထည့်ထားသော ခင်ပွန်းဖြစ်သူ၏လုပ်ငန်း သတ္တမမြောက်အာရုံ (7th Sense Creation) ကို ရှယ်ယာများ လွှဲယူလိုက်ပြီးနောက် အနုပညာရှင်များနှင့်တွဲ၍ လူသိများလာသည်။[][][][] မိုင်တဲအတွက် တာဝါတိုင်များဆောက်ပေးသည့် ပင်နီကယ်အေးရှားကုမ္ပဏီ၌လည်း ရှယ်ယာရှင်ဖြစ်သည်။

မိသားစုဘဝ

ဒီဂျေစွမ်းမိုက် ခေါ် လင်းမြင့်ဖွယ်နှင့်လက်ထပ်ရာ ဧကရီလင်းသက်လှိုင် (၂၀၁၂ ဩဂုတ် ၁၂ ဖွား) နှင့် ဧကရီသက်မွန်လှိုင် (၂၀၁၆ ဇွန် ၉ ဖွား) ဟူသော သမီး ၂ ယောက်ရသည်။ ၂၀၁၈ ခု၌ ကွာရှင်းကြသည်။

နိုင်ငံတကာမှ ပိတ်ဆို့မှုများ

၂၀၁၉ ခုနှစ်တွင် သူမအား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ၂၀၂၁ မတ်လ ၁၀ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့ခြင်းခံရသူများဖြစ်လာခဲ့ကြသည်။ ထိုသို့အရေးယူပိတ်ဆို့မှု၌ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ (၆) ခုလည်းပါဝင်ခဲ့၏ ။[][]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads