ကြူကြူလှ
အငြိမ်းစား မြန်မာစာကထိကနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ From Wikipedia, the free encyclopedia
Remove ads
ဒေါ်ကြူကြူလှ သည် အငြိမ်းစား တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သည်။ရခိုင်ပြည်နယ် သံတွဲမြို့နယ်ဇာတိဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်သည်။ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ကထိက ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ ရာထူးများအရ သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဖြစ်လာခဲ့သည်။
Remove ads
ငယ်ဘဝ
အဖ ဦးမောင်မောင်လှ ၊ အမိ ဒေါ်အုန်းလှ တို့က ၁၉၅၄ ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မတ်လ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် သို့ တက်ရောက်သည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာစာမေဂျာဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၈၁ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရသည်။ [၁]
ဝန်ထမ်းဘဝ
၁၉၈ဝ ပြည့်နှစ် တွင် စာစဉ်နည်းပြအဖြစ် ပညာရေးဝန်ကြီးဌာန တွင် အလုပ်ဝင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) နှင့် ၁၉၈၆ ခုနှစ်တွင် တောင်ကြီးဒီဂရီကောလိပ် တို့တွင် နည်းပြအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ) သို့ လက်ထောက်ကထိကအဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် အမှုထမ်းခြင်းမှ နုတ်ထွက်သည်။
အရေးယူပိတ်ဆို့ခံရမှု
၂၀၂၁ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် အချို့၏ ဇနီးများကိုပါ အမေရိကန်က ဒဏ်ခတ်အရေးယူရာ သူလည်း ပါဝင်ခဲ့သည်။ ၎င်း၏ သားသမီးများဖြစ်ကြသည့် ခင်သီရိသက်မွန်နှင့် အောင်ပြည့်စုံမှာလည်း အရေးယူခြင်း ခံထားရသူများဖြစ်သည်။[၂][၃][၄][၅][၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads