ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

From Wikipedia, the free encyclopedia

Remove ads

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Kha Mee National Development Party) သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးစိန်လှကျော် ဖြစ်သည်။[]

အချက်တိုများ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ, ဥက္ကဋ္ဌ ...
Remove ads

ပါတီမူဝါဒ

ခမီကဲ့သို့ လူနည်းစု တိုင်းရင်သားများ၏ အခွင့်အရေး ပိုမိုရရှိရေး။ ခမီတိုင်းရင်းသားများ၏ လူနေမူဘဝ ပိုမိုမြှင့်တင်တိုးတက်ရေး။[]

ပါတီမှတ်ပုံတင်ခြင်း

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၃) ဖြင့် ခွင့်ပြုခဲ့သည်။ []

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အကွက် (၁)၊ ဆင်ကူးလမ်း၊ အမှတ် (၁၁၄)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။

ရွေးကောက်ပွဲဝင်ပြိုင်မှု

၂၀၁၅

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် (၂) နေရာနှင့် ရခိုင်ပြည်နယ်လွှတ်တော် (၃) နေရာတွင် ဝင်ပြိုင်ခဲ့သည်။[]​ နေရာရရှိမှု မရှိခဲ့ပေ။

၂၀၂၀

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် သုံးမြို့နယ်၌ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် (အမှတ် ၁) ၁ နေရာ စုစုပေါင်း သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများမှာ မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ဦးဖြူထွန်း၊ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဦးထွန်းလှကျော် နှင့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ဦးကံစိန် တို့ ဖြစ်ကြပါသည်။ []အနိုင်မရခဲ့ပေ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads