ခမူလူမျိုး

From Wikipedia, the free encyclopedia

ခမူလူမျိုး
Remove ads

ခမူလူမျိုး (Khmu (/kəˈm/; Khmu: /kmm̥uʔ/ or /kmmúʔ/; လာအို: ກຶມມຸ lo or လာအို: ຂະມຸ lo; ထိုင်း: ขมุ th; Northern Thai: ขมุ nod; ဗီယက်နမ်: Khơ Mú; တရုတ်: 克木族) သည် အရှေ့တောင်အာရှ ဌာနေလူမျိုးတစ်ခု ဖြစ်သည်။ လာအိုနိုင်ငံ မြောက်ပိုင်းတွင် ၈၈% နေထိုင်ပြီး လာအိုနိုင်ငံ၏ အကြီးဆုံး ဌာနေလူမျိုး လူနည်းစု ဖြစ်သည်။လာအိုနိုင်ငံ လူဦးရေ၏ ၁၁% ရှိသည်။ သမိုင်းတွင် Kmhmu, Kemu, Kơbru ဟု အင်္ဂလိပ် စာလုံးပေါင်းခဲ့ကြသည်။

Thumb
Bokeo ခရိုင်မှ ခမူး အမျိုးသမီး
Thumb
ခမူးအမျိုးသမီးများနှင့်ကလေးများ၊Bokeo ခရိုင်၊လာအိုနိုင်ငံ၊ရွှေတြိဂံဒေသ။
အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...

ခမူလူမျိုးများသည် တရုတ်နိုင်ငံတောင်ဘက်စွန်းဒေသ( စစ်ဆောင်ပန္နား၊ ယူနန်ပြည်နယ်) ၊ ရာစုနှစ်များစွာကြာ မြန်မာနှင့် ထိုင်းနိုင်ငံများကိုလည်း ရွေ့ပြောင်းနေထိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင်လည်း နေထိုင်ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ခမူလူမျိုးများသည် တရားဝင်တိုင်းရင်းသား အဖြစ် အသိအမှတ်မပြုထားသော်လည်း ပလောင်လူမျိုး၏ အုပ်စုခွဲအဖြစ် သတ်မှတ်ထားသည်။

သံတွဲ "ခမူး" သည် ၎င်းတို့၏ စကားလုံး kymhmuʔ[1] မှ "လူ" ဟု အဓိပ္ပါယ်ရသည့် သံသယဖြစ်ဖွယ်ရှိသည်။ခမူးသည် ၎င်းတို့၏ လူမျိုးကို ပရူဟု မကြာခဏ ရည်ညွှန်းပါသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads