ဗီယက်နမ်ဘာသာစကား

ဗီယက်နမ်နိုင်ငံ၏ ရုံးသုံးဘာသာစကား From Wikipedia, the free encyclopedia

Remove ads

ဗီယက်နမ် ဘာသာစကားသည် ဩစထြိုအေးရှားတစ် ဘာသာစကား တစ်ခုဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ နိုင်ငံတော်ဘာသာနှင့် တရားဝင်ရုံးသုံး ဘာသာစကား ဖြစ်သည်။ ဗီယက်နမ် လူမျိုးများ၏ မိခင် ဘာသာစကား ဖြစ်သလို အခြားသော လူနည်းစု မျိုးနွယ်စုများ၏ ပထမ သို့မဟုတ် ဒုတိယ ဘာသာစကား ဖြစ်သည်။ ဗီယက်နမ် လူမျိုးများ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းနှင့် ယဉ်ကျေးမှု လွှမ်းမိုးခြင်းကြောင့် ဗီယက်နမ် ဘာသာစကား ပြောဆိုသူများကို ကမ္ဘာတစ်ဝန်းတွင်၊ အထူးသဖြင့် အရှေ့အာရှနှင့် အရှေ့တောင်အာရှမြောက်အမေရိကဩစတြေးလျ နှင့် အနောက်ဥရောပ စသည်တို့တွင် တွေ့နိုင်သည်။ ချက်နိုင်ငံတွင် ဗီယက်နမ် ဘာသာစကားကို လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုထားသည်။

ဩစထြိုအေးရှားတစ် ဘာသာစကား မိသားစုတွင် ဘာသာစကားပြောသူ ဦးရေ အများဆုံးရှိသော ဘာသာစကား ဖြစ်သည်။ ဗီယက်နမ် ဘာသာစကားပြောသူ ဦးရေသည် အခြားသော ဩစထြိုအေးရှားတစ် ဘာသာစကားပြောသူ စုစုပေါင်းထက်ပင် အဆများစွာ ပိုများသည်။ ဗီယက်နမ် ဘာသာစကားတွင် တရုပ်ဘာသာစကားမှ ငှားရမ်းထားသောစကားလုံးများ ရှိပြီး ယခင်က တရုပ်စာလုံးများကို ပြုပြင်ထားသည့် စာရေးစနစ်ကို အသုံးပြုခဲ့ကြသည်။ ယနေ့တွင်မူ လက်တင် အက္ခရာများကို ပြုပြင်ထားသည့် စာရေးစနစ်ကို အသုံးပြုကြသည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads