ခရစ်ယာန်မိန်းကလေးများအသင်း
အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
ခရစ်ယာန်လူငယ်များအသင်း (ဝိုင်အမ်စီအေ) နှင့် ရည်ရွယ်ချက်ချင်း တူညီ သောအသင်းတစ်ခုမှာ ဝိုင်၊ ဒဗျူ၊ စီ၊ အေ၊ ခေါ် ခရစ်ယာန် မိန်းကလေးများအသင်း ဖြစ်၏။ ထိုအသင်းကို အင်္ဂလန်ပြည် တွင် ၁၈၅၅ ခုနှစ်၌ စတင်တည်ထောင် ခဲ့သည်။ ခရစ်ယန် လူငယ်များအသင်းသည် အမျိုးသားများအတွက် အကျိုးဆောင် သကဲ့သို့ ဝိုင်၊ ဒဗျူ၊ စီ၊ အေ သည် အမျိုးသမီးများအတွက် အကျိုးဆောင်လေသည်။ အသင်း၏ အထိမ်းအမှတ်မှာ အပြာရောင် တြိဂံဖြစ်သည်။ ယခုအခါ နိုင်ငံပေါင်း ၆၈ နိုင်ငံ တွင် ခရစ်ယာန် မိန်းကလေးအသင်းဝင်ပေါင်း ၅ဝဝဝဝဝ ကျော် မျှ ရှိလေသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မေမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များ၌ ဝိုင်၊ ဒဗျူ၊ စီ၊ အေ အသင်းများ ဖွင့်လှစ်ပြီး ဖြစ်သည်။
Remove ads
ကိုးကား
တခြားကြည့်ရန်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads