ခေါင်စိုလူမျိုး

From Wikipedia, the free encyclopedia

Remove ads

ခေါင်စိုလူမျိုး Khongso [] သည် ချင်းလူမျိုးစာရင်းဝင် မြန်မာတိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ အခြားအမျိုးသားများက ခေါင်စိုဟု ခေါ်ကြသော်လည်း ခေါင်စိုအမျိုးသားတို့ကမူ သူတို့ကို သူတို့ ခေါင်မီး ဟု ခေါ်ကြသည်။ ခေါင်စိုတို့သည် အနူး၊ ခူမီးတို့နှင့် ရောနှောနေထိုင်ကြသည်။ သူတို့၏ ယဉ်ကျေးမှုသည် ခူမီးယဉ်ကျေးမှုနှင့် ခြားနားခြင်း မရှိပေ။ ခူမီးစကားကိုလည်း ပြောဆိုတတ်ကြသည်။ ခေါင်စိုတို့သည် ပလက်ဝမြို့နယ်တွင် နေထိုင်ကြသည်။

ခေါင်စို၊ အနူး၊ ခူမီး၊ ပနမ်းစသော ချင်းအမျိုးသား အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုများသည် တစ်ဦးနှင့် တစ်ဦး အနည်းငယ်ကွာခြားမှုရှိသော်လည်း သာမန်အားဖြင့် ခွဲခြား၍ မသိနိုင်ကြပေ။

ခေါင်စိုအမျိုးသမီးများသည် ညာပခုံးမှကျသော ရင်ဖုံးစနှင့် ဘယ်ချိုင်းအောက်မှ လာသော ရင်ဖုံးကို ညာဘက်ရင်သားပေါ်တွင် တည့်တည့်ချည်ထားသည်။ ယင်းတို့ကား အပျိုများနှင့် လင်ရှိသော်လည်း ကလေးမရသေးသော အမျိုးသမီးများ၏ ဝတ်ဆင်ပုံဖြစ်သည်။ အိမ်ထောင်သည် အမျိုးသမီးများကား ရင်ကို တစ်စုံတစ်ရာ မဖုံးမဖိဘဲ နဂိုအတိုင်း ထားလေ့ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads