ချက်ကိုဆလိုဗားကီးယား အမျိုးသား ဘောလုံးအသင်း

From Wikipedia, the free encyclopedia

Remove ads

ချက်ကိုစလိုဗက်ကီးယား အမျိုးသားဘောလုံးအသင်း (ချက်: Československá fotbalová reprezentace) သည် ၁၉၂၀ မှ ၁၉၉၂ အထိ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၏ အမျိုးသား ဘောလုံးအသင်းဖြစ်ခဲ့သည်။ ချက်ကိုစလိုဗက်ကီးယား ဘောလုံးအဖွဲ့ချုပ်၏ စီမံကိုင်တွယ်မှုအောက်၌ ရှိခဲ့ကာ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ရှစ်ကြိမ်၊ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲကို သုံးကြိမ် အရည်အချင်းစစ် အောင်မြင်ခဲ့သည်။ ၁၉၃၄ နှင့် ၁၉၆၂ ကမ္ဘာ့ဖလားများတွင် ဒုတိယဆုရရှိခဲ့၍ ၁၉၇၆ ဥရောပဖလားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည်။

အချက်တိုများ to ၁၉၂၀–၁၉၉၂, အဖွဲ့ ...

၁၉၉၂ အဆုံးတွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြိုကွဲကာ ၁၉၉၄ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကို အသင်းအနေဖြင့် ချက် နှင့် စလိုဗက် (RCS, ချက်: Reprezentace Čechů a Slováků) ဟူ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အသင်းကို ဖျက်ခဲ့သည်။ မျက်မှောက်ခေတ်တွင် ချက်ကိုစလိုဗက်ကီးယား အမျိုးသား ဘောလုံးအသင်း၏ ဆက်ခံသူအဖြစ် ချက် အမျိုးသား ဘောလုံးအသင်းကို လက်ခံအသိအမှတ်ပြုထားသည်။[][] စလိုဗက်ကီးယားနိုင်ငံကိုမူ စလိုဗက် အမျိုးသား ဘောလုံးအသင်းမှ ကိုယ်စားပြုယှဉ်ပြိင်၏ ။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads