ယူအီးအက်ဖ်အေ ဥရောပဖလား ပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

ယူအေးဖာ ဥရောပဖလား ဘောလုံးပြိုင်ပွဲ[မှတ်စု ၁] (အင်္ဂလိပ်: UEFA European Championship (or) UEFA European Football Championship)[] သည် သမားရိုးကျအားဖြင့် ယူရို ခေါ်ဝေါ်သုံးစွဲကြပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ၏ အဖွဲ့ဝင်နိုင်ငံများက ပြိုင်ဆိုင်ကြသော ဘောလုံးပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ၁၉၆၀ မှစတင်၍ လေးနှစ်တစ်ကြိမ် ကျင်းပလာ၍ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပသောနှစ်များကြားရှိ စုံကိန်းရှိသော နှစ်များတွင် ကျင်းပသည်။ မူလက ဥရောပ နိုင်ငံများဖလား (European Nations' Cup) ဟုခေါ်တွင်ခဲ့ပြီး ၁၉၆၈တွင် လက်ရှိအမည်ကို ပြောင်းလဲခဲ့သည်။ ၁၉၉၆ ယူရိုမှအစပြုလျှက် သီးသန့်ပြိုင်ပွဲများကို "UEFA Euro [year]" အမည်ပုံစံဖြင့် များသောအားဖြင့် ရည်ညွှန်းကြပြီး ဤပုံစံသည် ရှေးယခင်ပြိုင်ပွဲများကိုပါ အကျိုးသက်ရောက်မှုရှိစေသည်။

အချက်တိုများ တည်ထောင်, ဒေသ ...
အချက်တိုများ ပြိုင်ပွဲများ ...

အလိုအလျှောက် ခြေစစ်ပွဲအောင်သော အိမ်ရှင်နိုင်ငံမှလွဲ၍ ပြိုင်ပွဲဝင်မည့် အသင်းများသည် ခြေစစ်ပွဲကစားရသည်။ ၂၀၁၆ မတိုင်မချင်း ချန်ပီယံဖြစ်သော အသင်းများသည် Fifa Confederations Cup ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ သို့သော် မဖြစ်မနေ ပါဝင်ကစားရန်တော့ မလိုအပ်ပေ။[]

ဥရောပ ချန်ပီယံဖလားပြိုင်ပွဲ (၁၅) ခုကို နိုင်ငံအသင်း (၁၀) သင်းမှ အနိုင်ရရှိထားပြီး ထိုအနိုင်ရ အသင်းများမှာ ဂျာမနီ အမျိုးသား ဘောလုံးအသင်းစပိန် အမျိုးသား ဘောလုံးအသင်း တို့က သုံးကြိမ်စီ၊ ပြင်သစ် အမျိုးသား ဘောလုံးအသင်းနှင့် အီတလီ အမျိုးသား ဘောလုံးအသင်းတို့က နှစ်ကြိမ်၊ ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း]၊ နယ်သာလန် အမျိုးသား ဘောလုံးအသင်းချက်ကိုစလိုဗက်ကီးယား အမျိုးသား ဘောလုံးအသင်းဒိန်းမတ် အမျိုးသား ဘောလုံးအသင်းဂရိ အမျိုးသား ဘောလုံးအသင်းနှင့် ပေါ်တူဂီ အမျိုးသား ဘောလုံးအသင်း တို့က တစ်ကြိမ်စီ ရရှိထားသည်။ လက်ရှိအချိန်ထိ စပိန်အသင်းသည် သမိုင်းတွင် နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့သော အသင်းဖြစ်ကာ ၂၀၀၈နှင့် ၂၀၁၂ တို့တွင် ဖြစ်သည်။ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလျှင် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးဖြစ်၍ ၂၀၁၂ ယူရို ဗိုလ်လုပွဲကို ကမ္ဘာအနှံ့ပရိသတ် သန်း(၃၀၀) က ကြည့်ရှုခဲ့ကြသည်။[]

ပြီးခဲ့သည့် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ပြင်သစ်က အိမ်ရှင်အဖြစ်ကျင်းပ၍ ပေါ်တူဂီအသင်းက ပြင်သစ်ကို အချိန်ပိုကစားချိန်တွင် ၁-၀ ဖြင့် ပါရီမြို့ ဆာန်ဒါနီ အရပ်ရှိ 'စတဲ ဒါ ဖရော့န်စ်' ကစားကွင်းတွင် အနိုင်ရရှိခဲ့သည်။ ထိုပွဲကို လူပေါင်း (၂၄၈) သန်းက ကြည့်ရှုခဲ့ကြရာ ဥရောဖလားသမိုင်းတွင် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲဖြစ်ခဲ့သည်။[]

Remove ads

မှတ်စု

  1. UEFA သည် Union of European Football Associations ပါ စကားလုံးတစ်လုံးချင်းစီ၏ အစများကို ပေါင်းစပ်၍ အသံထွက်ရှိရသည်။ အက္ခရာ တစ်လုံးချင်းကို အသံမထွက်ရပါ။ Nato ကို နေတိုး၊ AIDS ကို အေ့ဒ်စ် ဟု ထွက်သကဲ့သို့ဖြစ်၏ ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads