ချင်းပြည်သစ်ကွန်ဂရက်ပါတီ
ချင်းပြည်နယ်အခြေပြု နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
ချင်းပြည်သစ်ကွန်ဂရက်ပါတီ (အင်္ဂလိပ်: New Chinland Congress Party, NUC) သည် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ထွက်လာသော နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူနှင့် ဥက္ကဋ္ဌမှာ မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်း အငြိမ်စား ဒုတိယဗိုလ်မှူးကြီး ဦးစိုးထက် ဖြစ်သည်။[၁][၂] အထွေထွေအတွင်းရေးမှူးမှာ ဦးဘွာလ်ဆိုင်လို ဖြစ်သည်။ [၃]
ပါတီမှတ်ပုံတင်အမှတ်မှာ (၅၇) ဖြစ်သည်။[၄]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
ဦးဘွာလ်ဆိုင်လိုသည် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress Party) ကို ဦးဆောင်လျက်ရှိပြီး အဆိုပါပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ရရှိခဲ့သည်။[၅]
ထို့နောက် ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၂၅ ဇူလိုင် ၁၀ ရက်တွင် ရွေးကောက်ပွဲကော်မရှင် ကြေညာချက် အမှတ် ၂/၂၀၂၅ အရ ပါတီမှတ်တင်ပုံတင်ခြင်းကို ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ [၄]
Remove ads
ပါတီရုံးချုပ်
ပါတီရုံးချုပ်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ် (၄၅၉) တွင် ဖွင့်လှစ်ထားသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ပြည်နယ်လွှတ်တော်
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads