ချစ်လှစွာသော အမုန်း
From Wikipedia, the free encyclopedia
Remove ads
ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၁၆ ခုထုတ် မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ခရေဖြူ ရုပ်ရှင်အတွက် ပုညခင်၏ ဝတ္တုကို အခြေခံ၍ ဝိုင်း ဇာတ်ညွှန်းခွဲ ရိုက်ကူးသည်။ အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဝတ်မှုန်ရွှေရည်တို့ အဓိကပါဝင်ထားသည်။
Remove ads
ဇာတ်ကြောင်း
မိုးစက်မေသည် ဆရာမတစ်ယောက်ဖြစ်ပြီး သူမမိခင်မှာ ကွယ်လွန်ခဲ့၍ ဖခင်နှင့်အတူနေထိုင်သူဖြစ်သည်။ တနေ့သောအခါ ဖခင်သည် အချစ်မပါပဲ သူ၏ အမှားများကြောင့် လက်ထပ်ခဲ့ရသော မိန်းကလေးတစ်ယောက်ကို အိမ်သို့ခေါ်ဆောင်လာသည်။ ထိုမိန်းကလေး၏အမည် အမုန်း ဟု ခေါ်သည်။ ဖခင်ကို ချစ်ကြောက်ရသော သမီးဖြစ်သူ မိုးစက်မေမှာ ဖခင်ကို မလွန်ဆန်နိုင်ခဲ့။ ဤသို့ သူမထက်ငယ်ရွယ်သူ အမုန်းမှာ မိထွေးဖြစ်လာခဲ့ရသည်။ ဇာတ်လမ်းအစတွင် မိုစက်မေအနေဖြင့် အမုန်းအား အမြင်မကြည်ခဲ့။ နောက်ပိုင်းတွင်မှ မိုးစက်မေ အမုန်းကို နားလည်လာသည်။ ထို့အတူ သနားလာခဲ့သည်။
သူမနှင့် သူမ၏ သူငယ်ချင်းဖြစ်သူ ဂါမဏိတို့သည် အမုန်းအား ကူညီပေးနိုင်ဖို့ ကြိုးစားလာခဲ့ကြသည်။ ဣန္ဒြေကြီးသော မိန်းကလေးဖြစ်သူ မိုးစက်မေမှာ သူမ၏ သူငယ်ချင်းဖြစ်သော ဂါမဏီကို ချစ်သော်လည်း ဖွင့်မပြောနိုင်ခဲ့။ တနေ့ မိုးစက်မေဖခင် မသန်မစွမ်းဖြစ်၍လာခဲ့သည်။ သို့သော် အမုန်းမှာ သူမ၏ ခင်ပွန်းဖြစ်သူကို ကောင်းမွန်စွာပင် ဆက်ဆံခဲ့သည်။ ဇာတ်လမ်းအဆုံးတွင်တော့ ဂါမဏိနှင့် မိုးစက်မေ လက်ထပ်ခဲ့ကြပြီး မိုးစက်မေဖခင်နှင့် အမုန်းတို့သည် သူတို့သားသမီးများ၏ အဘိုးနှင့်အဘွား ဖြစ်လာခဲ့ကြသည်။ မိုးစက်မေသည် အမုန်းအား ညီမလေးတစ်ယောက်လို ချစ်ခင် မေတ္တာရှိ၍ သွားတော့သည်။
Remove ads
သရုပ်ဆောင်များ
- ဂါမဏိ အဖြစ် အောင်ရဲလင်း
- မိုးစက်မေ အဖြစ် သက်မွန်မြင့်
- အမုန်း အဖြစ် ဝတ်မှုန်ရွှေရည်
- ဦးတိုးမင်း အဖြစ် ဇင်ဝိုင်း
- အန်တီမေ အဖြစ် နွဲ့နွဲ့စန်း
ဆုတံဆိပ်
၁၈ ရက် မတ်လ ၂၀၁၇ ခုနှစ်တွင် ပြည်သူရင်ပြင်၌ ကျင်းပသော ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲ၌ သက်မွန်မြင့်သည် ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads