မြန်မာ့ရုပ်ရှင်ထူးချွန်ဆု

အနုပညာဆိုင်ရာဆုပေးပွဲ From Wikipedia, the free encyclopedia

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
Remove ads

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်စဉ်ချီးမြှင့်‌သော ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။

Thumb
ဆုပေးပွဲ အခမ်းအနား
.
အကယ်ဒမီဆုပုံ
အချက်တိုများ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု, ဆုပေးအပ်ခြင်းအကြောင်း ...
Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂-ခုနှစ် ဖြစ်သည်။

ပထမဆုံးအကြိမ်ဖြစ်သည့် ၁၉၅၂ အတွက် အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ၁၉၅၃ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ []

၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။

  • ပထမအကောင်းဆုံးဇာတ်ကားဆု - (ရွှေကိန္နရီရုပ်)
  • ဒုတိယအကောင်းဆုံးဇာတ်ကားဆု - (ငွေဒေါင်းရုပ်)
  • တတိယအကောင်းဆုံးဇာတ်ကားဆု - (ကြေးခြင်္သေ့ရုပ်)
  • အကောင်းဆုံးအမျိုးသားပညာသည်ဆု - (ရွှေရင်ထိုး)
  • အကောင်းဆုံးအမျိုးသမီးပညာသည်ဆု - (ရွှေရင်ထိုး)

၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။

၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘ဩော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။

၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ဝင်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။

၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေဝေ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြသည်။

Thumb

မှတ်⁠မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ ဝင်းမာ ဖြစ်သည်။ ဝင်းမာသည် ၁၉၅၅-ခုနှစ်တွင် ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ပထမဆုံး အထူးဆု (ကလေးသရုပ်ဆောင်ဆု) ကိုရရှိခဲ့သည်။

၁၉⁠၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင်၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉⁠၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

Thumb
အကယ်ဒမီရွှေစင်ရုပ်တု ဓာတ်ပုံ

၁၉⁠၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။

ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉⁠၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉⁠၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။

ရုပ်ရှင်ထူးချွန်ဆုကျင်းပခဲ့သည့်နေရာများ​

 ၁၉၅၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို မြို့တော်ခန်းမ၊ ရန်ကုန်မြို့ ဝိဇယရုပ်ရှင်ရုံ၊ ရုပ်ရှင်မြှင့်တင်ရေး၊ နတ်မောက်လမ်း၊ စက်မှု လက်မှု အထက်တန်းကျောင်း၊ ဝင်္ကဘာလမ်း ရုပ်ရှင်ပြဇာတ်အစည်းအရုံး၊ ရွှေတိဂုံဘုရားလမ်း ဂျူးဗလီဟောဝင်း၊ မြန်မာ့အသံမြက်ခင်းပြင်နှင့် ယဉ်ကျေးမှုလဟာပြင်ကဇာတ်ရုံတို့တွင် လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ''နဝဒေး" ရုပ်ရှင်ရုံ၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏအားကစားပြိုင်ပွဲရုံတို့တွင်လည်းကောင်းကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှစတင်၍ နေပြည်တော်မြို့တော်ခန်းမလဟာပြင်ကဇာတ်ရုံ၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားများကို ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ထူးချွန်ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားရုံတွင် ပြန်လည်ကျင်းပခဲ့သည်။  ၂၀၁၆ခုနှစ်အတွက်ရုပ်ရှင်ထူးချွန်ဆု​ပေးပွဲကို ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့သည်။

Remove ads

ဆုအမျိုးအစားများ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်သည့် ဆုအမျိုးအစားစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နောက်ထပ် အချက်အလက်များ စဉ်, ဆုအမည် ...

အထူးဆု ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဆုရရှိသူ ...
Remove ads

ဆု အများဆုံး ရရှိသူများ

ထူးချွန်ဆု (၄) ဆုနှင့် အထက် ရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားများ

နောက်ထပ် အချက်အလက်များ ဇာတ်ကားအမည်, ရုံတင်ပြသခဲ့သည့် ခုနှစ် ...

ထူးချွန်ဆု (၅) ဆုနှင့် အထက် ရရှိခဲ့သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ

နောက်ထပ် အချက်အလက်များ အမည်, ကျွမ်းကျင်မှုနယ်ပယ် ...

အမျိုးသားဇာတ်ဆောင်ဆု အများဆုံးရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

အမျိုးသမီးဇာတ်ဆောင်ဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

အမျိုးသားဇာတ်ပို့ဆု အများဆုံးရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

အမျိုးသမီးဇာတ်ပို့ဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

ရုပ်ရှင်ဓာတ်ပုံဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

ရုပ်ရှင်တည်းဖြတ်ဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

ရုပ်ရှင်ဇာတ်ညွှန်းဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

ရုပ်ရှင်‌တေးဂီတဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...

ရုပ်ရှင်အသံဆု အများဆုံး ရရှိခဲ့သူများ

နောက်ထပ် အချက်အလက်များ အမည်, ဆုအရေအတွက် ...


Remove ads

ဆက်စပ်ဖတ်ရှုရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads