စုဠာလင်္ကရဏတက္ကသိုလ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အများနှင့်သက်ဆိုင်သော သုတေသနတက္ကသိုလ် From Wikipedia, the free encyclopedia

စုဠာလင်္ကရဏတက္ကသိုလ်
Remove ads

ချူလာလောင်ကွန်းတက္ကသိုလ် (ပါဠိ: စုဠာလင်္ကရဏ; အင်္ဂလိပ်: Chulalongkorn University) သည် အာရှဒေသတွင်း ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသော ထိုင်းနိုင်ငံ၏ ရှေးအကျဆုံးနှင့် ခေတ်သစ်ပညာရေးစနစ်တွင် ပထမဆုံး အဆင့်မြင့်ပညာ စတင်ဆည်းပူးရာနေရာဖြစ်သည်။

အချက်တိုများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ တည်ရှိပြီး "ချူလာ" ဟု အတိုကောက်ခေါ်ဝေါ်ကြသော ဤတက္ကသိုလ်ကြီးကို ၁၉၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇိရာဝုဓက တည်ထောင်ခဲ့သည်။ ၄၅၆ ဧက ကျယ်ဝန်းသော ဤတက္ကသိုလ်တွင် မြက်ခင်းစိမ်းများ၊ မိုးမခပင်ကြီးများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ခေတ်မီအဆောက်အအုံများလည်း တည်ရှိသည်။

Remove ads

သမိုင်းကြောင်း

ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇိရာဝုဓသည် ၎င်း၏ခမည်းတော်ဖြစ်သော ပဉ္စမြောက် ရာမဘုရင် စုဠာလင်္ကရဏ (ချူလာလောင်ကွန်း) ကို ရည်ရွယ်၍ ချူလာလောင်ကွန်းတက္ကသိုလ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၂ ခုနှစ်တွင် ပဉ္စမြောက် ရာမဘုရင် စုဠာလင်္ကရဏသည် နန်းတော်၌ တော်ဝင်လူငယ်သင်တန်းကျောင်း (Civil Service Training School) ကို တည်ထောင်ခဲ့ရာ ၎င်းသည် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ပညာရေးစီမံကိန်း၏ အစအဦးပင်ဖြစ်သည်။ ၁၉ ရာစုတွင် ထိုင်းနိုင်ငံ၏ ဗျူရိုကရေစီစနစ် ပြောင်းလဲရန် လိုအပ်လာပြီး ပဒေသရာဇ်စနစ်မှ ခေတ်မီနိုင်ငံအဖြစ် တည်ထောင်လိုသော ဆန္ဒများကြောင့် ဘုရင်စုဠာလင်္ကရဏသည် ဝန်ထမ်းလေ့ကျင့်ရေးကျောင်း (The Civil Service College) ကို တည်ထောင်၍ တော်ဝင်နန်းတော်တွင် တာဝန်ထမ်းဆောင်မည့် လူငယ်များကို မွေးထုတ်ပေးခဲ့သည်။

ဤစီမံကိန်း ကြီးထွားလာပြီးနောက် ဘုရင်ဝဇီရာဝုဓလက်ထက်တွင် ဝန်ထမ်းလေ့ကျင့်ရေးကျောင်းကို ဘုရင်စုဠာလင်္ကရဏ ဝန်ထမ်းကောလိပ် (Civil Service College of King Chulalongkorn - CSCKC) ဟု အမည်ပြောင်းလဲခဲ့သည်။ ရော့ခ်ကဖဲလား ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး ခေတ်နှင့်လျော်ညီသော သင်ရိုးညွှန်းတမ်းများကို ချမှတ်နိုင်ခဲ့သည်။

ဖခင်ဘုရင်ကြီး စုဠာလင်္ကရဏ နတ်ရွာစံပြီးနောက် သားတော် ဝဇီရာဝုဓ နန်းတက်သောအခါ ၁၉၁၇ ခုနှစ်တွင် စုဠာလင်္ကရဏ ဝန်ထမ်းကောလိပ်ကို စုဠာလင်္ကရဏတက္ကသိုလ် (Chulalongkorn University) ဟု အမည်ပြောင်းလဲကြောင်း ကြေညာခဲ့သည်။ ယခင်ကထက် ပိုမိုကောင်းမွန်သော ပညာရေးစနစ် ဖြစ်ပေါ်စေရန် လူတန်းစားမရွေး ခေတ်ပညာများကို သင်ယူနိုင်အောင် စီစဉ်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခေတ်ပညာသင်ကြားနေသော ကျောင်းများကို စုစည်းခဲ့ပြီး ဘုရင် ဝဇိရာဝုဓ ကိုယ်တိုင် ၎င်း၏ ကိုယ်ပိုင်ငွေများကို စိုက်ထုတ်ကာ တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၄၃ ခုနှစ်တွင် ဗိုလ်ချုပ် ပိုင်ဘွန်းက ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးပညာနှင့် တိရစ္ဆာန်ဆေးသိပ္ပံ မဟာဌာနများကို ခွဲထုတ်၍ စုဠာလင်္ကရဏ ဆေးသိပ္ပံ တက္ကသိုလ်ဟု အမည်ပေးခဲ့သော်လည်း ယခုအခါ မဟီဒေါလ်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ချူလာလောင်ကွန်းတက္ကသိုလ်၌ ဆေးပညာရပ်များကို ပြန်လည်သင်ကြားပေးခဲ့သည်။

ချူလာလောင်ကွန်းတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ထိုင်းဘုရင်ကိုယ်တိုင် ဘွဲ့လက်မှတ်ပေးအပ်ချီးမြှင့်သော အစဉ်အလာကို သတ္တမမြောက် ရာမဘုရင် ပြဇာဓိပက လက်ထက်၌ စတင်ခဲ့သည်။

Remove ads

တက္ကသိုလ်နယ်မြေ

စုဠာလင်္ကရဏ တက္ကသိုလ်၏ တက္ကသိုလ်နယ်မြေအားလုံးသည် ဘန်ကောက်မြို့တော်တွင် ရှိသည်။ အဆောက်အအုံများသည် ၁၉-ရာစုလက်ရာများသာမက ဘုရင့်တက္ကသိုလ်ဖြစ်သည့်အားလျှော်စွာ ခမ်းနားထည်ဝါသော အဆောက်အအုံများသာမက ခေတ်သစ်ဗိသုကာပညာရှင်များ၏ လက်ရာများစွာရှိပါသည်။

ဌာနများ

၁၉၁၇-ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံမဟာဌာန (Arts and Sciences)၊ ပြည်သူ့စီမံခန့်ခွဲရေးမဟာဌာန (Public Administration)၊ အင်ဂျင်နီယာမဟာဌာန (Engineering)နှင့် ဆေးသိပ္ပံမဟာဌာန (Medicine) စသည့် မဟာဌာန လေးခုသာရှိခဲ့ပေမဲ့ ယခုအခါ ပညာရပ်ဆိုင်ရာ မဟာဌာနပေါင်း (၁၉)ခု၊ စိုက်ပျိုးရေးကျောင်း တစ်ကျောင်း၊ ကောလိပ် (၃)ခု၊ အင်စတီကျု (၁၀)ခုနှင့် ဆရာအတတ်သင်ကျောင်း တစ်ကျောင်း ရှိပါသည်။

ကျောင်းဝင်ခွင့်

စုဠာလင်္ကရဏ တက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်သည်။ အထက်ကျောင်းများမှာ Top Ten ဝင်သူများကိုသာ စုဠာလင်္ကရဏ တက္ကသိုလ်က ရွေးချယ် လက်ခံလေ့ရှိသည်။ ကျောင်းသားများအတွက် ကျောင်းဝင်ခွင့်ပုံစံကို အုပ်စု ၂ ခု ခွဲထားသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ်များမှ ကျောင်းသားများအုပ်စုနှင့် ထိုင်းနိုင်ငံ၏ အခြားနေရာများ အုပ်စုတို့ ဖြစ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များသည် ဖွံ့ဖြိုးမှုအားနည်းသောကြောင့် မြောက်ပိုင်းသားများအတွက် ဝင်ခွင့်ပုံစံ၊ အခြားနေရာများမှ ကျောင်းသားများဝင်ခွင့်ပုံစံဟူ၍ ခွဲခြားထားခြင်းဖြစ်သည်။ ထိုသို့ ခွဲခြားထားသောကြောင့် ဖွံ့ဖြိုးမှုအတိုင်းအတာ ညီမျှသွားစေသည်ဟု ယုံကြည်ထားကြသည်။

Remove ads

ဝတ်စုံ

စုဠာလင်္ကရဏ တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားရတဲ့ ကျောင်းသားများအနေနဲ့ ဆင်တူယူနီဖောင်းများကို ဝတ်ဆင်ရလေ့ရှိပြီး ကျောင်းသား၊ ကျောင်းသူများကလည်း ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ကြတာပါ။ ထိုင်းနိုင်ငံမှ ကျောင်းသားများအနေနဲ့ အကျီအဖြူရောင်၊ ဘောင်းဘီရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပြီး ကျောင်းသူများအနေနဲ့ အကျီအဖြူရောင်၊ စကတ်အရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပါတယ်။ စကတ်အနေအထားတိုခဲ့ပါက ပြစ်ဒဏ်ခံရလေ့ရှိပါတယ်။

အားကစားပြုလုပ်ချိန်များ၊ လက်တွေ့ကွင်းဆင်းရတဲ့ စာသင်ချိန်များမှာတော့ တီရှပ်အဖြူရောင်ကို ဝတ်ဆင်ခွင့်ပေးထားပါတယ်။ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက်လည်း ယူနီဖောင်းဝတ်ဆင်ရမှု မရှိပေမဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို ထားရှိထားပါတယ်။

Remove ads

ပညာသင်ဆု

စုဠာလင်္ကရဏ တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ ပညာတော်သင်ဆုများစွာကို လျှောက်ထားနိုင်ကြပါတယ်။ ထူးခြားချက်အနေနဲ့ အာစီယံနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်ဆုများစွာရှိသလို ဥရောပနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်သင်ဆုအစီအစဉ်များလည်းရှိပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ဘာသာရပ် အသီးသီးမှ နိုင်ငံတကာဖွံ့ဖြိုးမှု လေ့လာရေး မဟာဘွဲ့သင်တန်းကို ဂျာမနီနိုင်ငံမှ ဟိန်းနရစ်ချ်ဘော ဖောင်ဒေးရှင်းရဲ့ ပညာတော်သင်ဆု ထောက်ပံ့ပေးမှုအဖြစ် နှစ်စဉ်ပေးအပ်နေမှုများလည်း ရှိတဲ့အတွက် မြန်မာကျောင်းသားများအနေနဲ့ စုဠာလင်္ကရဏ တက္ကသိုလ် ပညာတော်သင်ဆုများကို လျှောက်ထားနိုင်ဖို့ အခွင့်အရေးများလည်းရှိနေပါတယ်။

စုဠာလင်္ကရဏ တက္ကသိုလ်မှာ ဘာသာရပ်တွေကို ထိုင်းဘာသာနဲ့ အဓိက သင်ကြား နေသော်လည်း တချို့ ဘာသာရပ်များကိုတော့ အင်္ဂလိပ်ဘာသာတွေနဲ့ သင်ကြားပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားတဲ့ ပရိုဂရမ်ကို သင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ IELTS ရမှတ် ၅ ကျော်ဖို့လည်းလိုအပ် ပါတယ်။

ကျောင်းလခအနေနဲ့ သင်ယူတဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွဲပြားမှုတွေရှိသော်လည်း အချိန်ပြည့်သင်တန်းကို တက်ရောက်မဲ့ ဘွဲ့ကြိုကျောင်းသားများအတွက် စီမစ်စတာ (Semester) တစ်ခုလျှင် ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံအစရှိသော ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၄ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၈ထောင်ခန့်၊ နိ်ုင်ငံတကာကျောင်းသားများအတွက်ကတော့ ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ အစရှိသော ဘာသာရပ်များ အတွက်ထိုင်းဘတ် ၅သောင်း ၉ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များ အတွက် ထိုင်းဘတ် ၆သောင်း ၂ထောင်ခန့် ကုန်ကျမှာပါ။

Remove ads

ထူးခြားထင်ရှားသူများ

စုဠာလင်္ကရဏ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းများ ရှိခဲ့ပြီး၊ အမေရိကန် သမ္မတ နှစ်ဦးဖြစ်သော လင်ဒန် ဂျွန်ဆင်နှင့် ဘီလ် ကလင်တန်တို့အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့သလို နိုဘယ်ငြိမ်းချမ်းဆုရှင် နယ်လ်ဆင် မင်ဒဲလား ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ပါသည်။

စုဠာလင်္ကရဏ တက္ကသိုလ်ကျောင်းသားဟောင်းများတွင် ထင်ရှားသူများမှာ လက်ရှိ ထိုင်းနိုင်ငံဘုရင်ကြီး ဘူမိဗလ အဒူလျာဒက်၏ ခမည်းတော် မဟီတလ အတုလျေတေဇ၊ ထိုင်းနိုင်ငံမင်းသမီး မဟာ ချက်ကရီ သီရိဒုံ၊ အရှေ့တောင်အာရှ စာရေးဆရာဆု (၂) ကြိမ်ရ ဝင်း လိုင်ယိုဗာရင်၊ ထိုင်းနိုင်ငံဘောလုံးသမား အကျော်အမော် ကီယာတီဆက်၊ ထိုင်းချေဂွေဗားရားဟု တင်စားကြသော ချစ် ဖူမီဆက် စသူတို့ ပါဝင်သည်။

Remove ads

အဆင့်သတ်မှတ်ချက်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ (၂၀၁၄/၂၀၁၅ ခုနှစ်အတွက်) စုဠာလင်္ကရဏ တက္ကသိုလ်သည် ကမ္ဘာ့တွင် အဆင့်(၂၄၃) ရှိပြီး၊ အာရှဒေသအတွင်း အဆင့်(၅၃) ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads