ချောလ်ဂျွံ (ဂျိုဆောန်)
From Wikipedia, the free encyclopedia
Remove ads
ချောလ်ဂျုံးဘုရင် (၂၅ ဇူလိုင် ၁၈၃၁ – ၁၆ ဇန်နဝါရီ ၁၈၆၄) သည် ဂျိုဆွန်းမင်းဆက်၏ ၂၅ယောက်မြောက် ဘုရင်ဖြစ်သည်။
သူသည် ဆက်ခံသူမထွန်းကားသည့် ဟွန်းဂျုံးဘုရင်၏ သုံးဝမ်းကွဲညီတော်ဖြစ်ပြီး၊ ယောင်းဂျိုဘုရင်၏ တီတော်စပ်သူလည်း ဖြစ်သည်။[၇]
Remove ads
အတ္ထုပတ္တိ
ငယ်ဘဝ
ဂျောန်းဂယဲမင်းသား ယီဂွမ်နှင့် ပထမကိုယ်လုပ်တော် ယောမ်တို့၏ တတိယမြောက်နှင့် အငယ်ဆုံးသားတော်ဖြစ်ပြီး၊ ဂန်ဟွာအရပ်တွင် ဖွားမြင်သည်။[၈] ငယ်မည်မှာ မူလက ယီဝန်းဘောမ် ဖြစ်သော်လည်း၊ နန်းတက်သောအခါ ယီဗျောန်း (သို့မဟုတ် ယီဆောင်း) ဖြစ်လာသည်။
၁၈၄၁ခု ဟွန်းဂျုံးနန်းတက် ၁၀နှစ်ရှိသော်၊ ဆက်ခံသူမထွန်းကားသည့်အတွက် (နိုရွန်ဂိုဏ်းမှ) မင်းဂျင်းယောင်း၊ လီဝန်းဒေါက်၊ ဘတ်ဆွန်းဆူတို့က ဆက်ခံရန် တရားဝင်သည့် ယီဂွမ်၏ ပထမသားတော် ယီဝန်းဂယောင်းကို နန်းတင်ရန် လျှို့ဝှက်ကြံစည်ကြသည်။ သို့သော် အရေးနိမ့်ကာ မင်းဂျင်းယောင်းနှင့် ယီဝန်းဂယောင်းတို့ ကွပ်မျက်ခံရသည်။ (ထိုခေတ်က) မျိုးဆက်ကိုးဆက် အပြစ်ခံစေမှုအရ ယီဝန်းဂယောင်း၏ အဖေတူအမေကွဲ ညီအစ်ကိုများဖြစ်သည့် ယီဂယောင်းအွန်းနှင့် ယီဘောမ်တို့လည်း ဂန်ဟွာသို့ နယ်နှင်ခံရသည်။
လက်ထက်တော်
၁၈၄၉၌ ဟွန်းဂျုံးဘုရင် နတ်ပြည်စံသောအခါ အသက် ၁၉နှစ်အရွယ် ချောလ်ဂျုံးနန်းတက်လာသည်။ နတ်ပြည်စံဘုရင်နှင့် အဘီတော် ယောင်းဂျိုတို့၏ သွေးသားရင်းချာမဟုတ်သဖြင့် ချောလ်ဂျုံးကို ဆွန်းဂျိုဘုရင်၏ ဆွန်းဝန်းမိဖုရားက မွေးစားကာ နန်းတင်ခြင်းဖြစ်သည်။ ချောလ်ဂျုံးဖြစ်လာမည့် မင်းသားပျိုကို ၁၈၀၁ခုနှစ် ကက်သလစ်ဘာသာဝင်များ နှိပ်စက်မှုကြောင့် မိသားစုဝင်များ တိမ်းရှောင်ရာ ဂန်ဟွာကျွန်းမှ ရှာတွေ့ခေါ်ယူခဲ့သည်။
ဂျိုဆွန်းမင်းဆက် စတင်တည်ထောင်ကတည်းက ဘုရင့်သားတော်များ၏ ပညာရေးကို ပထမဦးစားပေးအဖြစ် သတ်မှတ်သင်ကြားသော်လည်း၊ ချောလ်ဂျုံးမှာမူ နန်းတင်အမိန့်တော်၏ တစ်လုံးတစ်ပါဒမျှပင် မဖတ်တတ်ဟုဆိုသည်။ မည်မျှပင် အဖိုးတန်သော ဝတ်ရုံကို ဆင်မြန်းထားစေကာမူ တံငါသည်ရုပ် ပေါက်နေသည်ဟူ၏။
၁၈၅၁ခုတွင် (၁၉ ရာစုအစောပိုင်းကာလ ကိုရီးယားပြည်ကို ချုပ်ချယ်နေသည့်) အန်ဒုံဂင်မျိုးနွယ်၏ စေခိုင်းမှုအရ ဂင်မွန်းဂွန်း၏သမီး ချောလင်းမိဖုရားကို လက်ဆက်ခဲ့သည်။
အနိစ္စရောက်ခြင်း
၁၈၆၄ခု ဇန်နဝါရီလ ၁၆ရက်၊ သက်တော် ၃၄နှစ်အရွယ်တွင် ဆက်ခံသူသားတော် မထွန်းကားဘဲ နတ်ပြည်စံရာ နန်းတက်ရန်အတွက် ယီမျိုးနွယ်မှ အခြားမင်းသားတစ်ပါးကို ရှာပုံတော်ဖွင့်ရပြန်လေသည်။[၄]
Remove ads
မိသားစု
အဘေး
- ဘေးတော် အိမ်ရှေ့မင်း ဆာဒို (장조의황제, 莊祖懿皇帝) (၁၃ ဖေဖော်ဝါရီ ၁၇၃၅ - ၁၂ ဇူလိုင် ၁၇၆၂)
- ဘေးမတော် ဘူအန်းအင်မျိုးနွယ် အင်ဆုဘင်း (숙빈 임씨, 肅嬪 林氏) (? - ၁၇၇၃)
ဘိုးဘွား
- ဘိုးတော် အွန်းနောန်းမင်းသား ယီအင်း (은언군 이인) (၂၉ မေ ၁၇၅၄- ၃၀ ဇွန် ၁၈၀၁)
- ဘွားတော် ဂျွန်းဂျူယီမျိုးနွယ် ယီဂျွန်းဆန်း (전산군부인 이씨, 全山郡夫人 李氏) (၁၉ ဒီဇင်ဘာ ၁၇၆၄ - ၄ ဇွန် ၁၈၁၉)
- မိခင်ဘက်က အဘိုး ယောမ်ဆောင်းဟွာ (염성화, 廉成化)
- မိခင်ဘက်က အဘွား ဆန်ဂျူဂျီမျိုးနွယ်ဝင် (상주 지씨, 尙州 池氏)
မိဘ
- ခမည်းတော်
- အရင်း: ဂျောန်းဂယဲမင်းသား ယီဂွမ် (၂၉ ဧပြီ ၁၇၈၅ – ၁၄ ဒီဇင်ဘာ ၁၈၄၁)[၉]
- မွေးစား: ဆွန်းဂျိုဘုရင် (순조대왕) (၂၉ ဇူလိုင် ၁၇၉၀ – ၁၃ ဒီဇင်ဘာ ၁၈၃၄)
- မယ်တော်
- အရင်း: ယုံးဒမ်ယောမ်မျိုးနွယ် ယောမ်ယုံးဆောင်း (용성부대부인 염씨) (၂၀ ဇူလိုင် ၁၇၉၃ – မတ် ၁၈၃၄) [n ၁]
- မွေးစား: အန်ဒုံဂင်မျိုးနွယ် ဆွန်းဝန်းမိဖုရား (순원왕후 김씨) (၈ ဇွန် ၁၇၈၉– ၂၁ စက်တင်ဘာ ၁၈၅၇)
အစ်ကိုတော်
- အဖေတူအမေကွဲ အစ်ကိုတော် ဟွဲဖြောင်းမင်းသား ယီဝန်းဂယောင်း (회평군) (၁၁ စက်တင်ဘာ ၁၈၂၇ - ၆ စက်တင်ဘာ ၁၈၄၄)
- အဖေတူအမေကွဲ အစ်ကိုတော် ယောင်းဖြောင်းမင်းသား ယီဂယောင်းအွန်း (영평군) (၂၀ ဇူလိုင် ၁၈၂၈ - ၁ ဖေဖော်ဝါရီ ၁၉၀၂)
မိဖုရားများနှင့် သားတော်သမီးတော်များ
- အန်ဒုံဂင်မျိုးနွယ် ချောလင်းမိဖုရား
- မီလျန်ဘတ်မျိုးနွယ် မိဖုရား ဘတ်ဂွီအင်း (귀인 박씨) (၁၈၂၇ – ၉ မေ ၁၈၈၉)[၁၂]
- သားတော်တစ်ပါး (၃ ဩဂုတ် ၁၈၅၄ – ၁၈၅၄)[၁၃]
- ဖြောင်းယန်းဂျိုမျိုးနွယ် မိဖုရား ဂျိုဂွီအင်း (귀인 조씨) (၁၈၄၂ – ၁၈၆၅)[၁၄]
- သားတော်တစ်ပါး (၇ နိုဝင်ဘာ ၁၈၅၉ – ၁၈၅၉)
- သားတော်တစ်ပါး (၂၄ ဖေဖော်ဝါရီ ၁၈၆၁ – ၁၈၆၁)
- အိုညန်ဘန်မျိုးနွယ် မိဖုရား ဘန်ဆုကီး (숙의 방씨) (? – ၁၈၇၈)[၁၅]
- သမီးတော်တစ်ပါး (၁၈၅၁ – ၁၈၅၃
- သမီးတော်တစ်ပါး (၁၈၅၃)
- ဂွမ်းဆောင်းဘောမ်မျိုးနွယ် မိဖုရား (ဘောမ်ဝန်းရှစ့်သမီး) ဘောမ်ဆုကီး (숙의 범씨) (၁၈၃၈ – ၂၃ ဇန်နဝါရီ ၁၈၈၄)[၁၆]
- ဂင်ဟယ်ဂင်မျိုးနွယ် မိဖုရား ဂင်ဆုကီး (숙의 김씨) (၁၈၃၃ – ?)
- သမီးတော်တစ်ပါး (၅ ဩဂုတ် ၁၈၅၆ – ?)
- ကိုယ်လုပ်တော် လီ (궁인 이씨)
- သားတော်တစ်ပါး (၁ အောက်တိုဘာ ၁၈၆၂ – ၁၈၆၂)[၁၈]
- သမီးတော်တစ်ပါး
- ကိုယ်လုပ်တော် ဘတ် (궁인 박씨)
- သမီးတော်တစ်ပါး
Remove ads
ဘွဲ့တံဆိပ် နာမံတော်များ
- နာမည်ပြောင်: ဂန်ဟွာကျွန်းက သစ်ခုတ်သမားမင်းသား (Woodcutter Prince of Ganghwa Island) (강화도령)
တော်ဝင်တံဆိပ်တော်များ
- ၂၇–၂၈ ဇူလိုင် ၁၈၄၉: ဒေါ့ကွမ်းမင်းသား (덕완군, 德完君)
- ၂၈ ဇူလိုင် ၁၈၄၉ – ၁၆ ဇန်နဝါရီ ၁၈၆၄: ဂျိုဆွန်းဘုရင် (조선 국왕, 朝鮮國王)
ကွယ်လွန်ပြီးမှ ချီးမြှင့်ခံရသည့် ဘွဲ့တော်များ
- ဂျိုဆွန်းမင်းဆက်
- ဘွဲ့တော်အပြည့်အစုံ: ချောလ်ဂျုံးဘုရင် ဟွီရယွန်း ဂျောင်ဂု ဆူဒေါ့က် ဆွန်းဆောင်း မွန်းဟျောန်း မူဆောင် ဟောနင်း ယောင်းဟျို မဟာဂျိုဆွန်းပြည့်ရှင် (철종희륜정극수덕순성문현무성헌인영효대왕, 哲宗熙倫正極粹德純聖文顯武成獻仁英孝大王)
- ဘွဲ့တော်အတိုကောက်: မဟာချောလ်ဂျုံးဘုရင် (철종대왕, 哲宗大王)
- ချင်မင်းဆက် ရည်ညွှန်းဘွဲ့တော်: King Zhōngjìng (忠敬王, 충경왕, ချွန်းဂယောင်းဘုရင်)
- ကိုရီးယားအင်ပါယာ
- ဘွဲ့တော်အပြည့်အစုံ: ဧကရာဇ် ချောလ်ဂျုံး ဟွီရယွန်း ဂျောင်ဂု ဆူဒေါ့က် ဆွန်းဆောင်း ဟွန်းမြောင် ဂွမ်ဒို ဒုန်းဝန်း ချန်ဟွာ မွန်းဟျောန်း မူဆောင် ဟောနင်း ယောင်းဟျို ဂျန် (철종희륜정극수덕순성흠명광도돈원창화문현무성헌인영효장황제, 哲宗熙倫正極粹德純聖欽明光道敦元彰化文顯武成獻仁英孝章皇帝)
- ဘွဲ့တော်အတိုကောက်: ဧကရာဇ် ချောလ်ဂျုံး ဂျန် (철종장황제, 哲宗章皇帝)
လူကြိုက်များသော ယဉ်ကျေးမှု
၂၀၂၀ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများဖြစ်သည့် Mr. Queen နှင့် Kingmaker: The Change of Destiny တို့တွင် ဂင်ဂျောင်ယွန်း နှင့် ဂျောင်ဝုတို့က ၎င်းနေရာမှ အသီးသီးသရုပ်ဆောင်ထားကြသည်။
မှတ်စုများ
- ဂျောန်းဂယဲမင်းသာ့း ဆောင်ရကိုယ်လုပ်တော် နှစ်ပါးအနက် တစ်ပါးဖြစ်သည်။
- ဂျိုဆွန်းမင်းဆက်၏ နောက်ဆုံးသမက်တော်ဟု သိကြသည့် ဘတ်ယောင်းဟျိုနှင့် လက်ဆက်သည်။ မြေးတော်စပ်သူ ဘတ်ချန်းဂျူမှာ ကိုရီးယား၏ နောက်ဆုံးမင်းသား ယီအူ၏ မြောက်သားတော် ဖြစ်သည်။
ကိုးကား
ဆက်လက်ဖတ်ရှုနိုင်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads