ခွာဆင်းမ်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ခွာဆင်းမ်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဖလမ်းနယ် ခွာဆင်းမ်းချင်းတို့သည် ပေါင်းသင်းပြီးနှစ်အတန်ကြာသည်အထိ သားသမီးမရသော် နှစ်ဦးသဘောတူ ကွာရှင်းလေ့ရှိသည်။ ထိုသို့ ကွာရှင်းရာတွင် နှစ်ဦးသဘောတူဖြစ်ပါက နေအိမ်မှ အပ ကျန်ပစ္စည်းအားလုံးကို တစ်ဝက်စီ ခွဲဝေယူကြသည်။ သားသမီးမရမီ မိန်းမက ယောက်ျားအပေါ် တစ်စုံတစ်ရာ အပြစ်မပြဘဲ ကွာရှင်းလိုသော် မင်္ဂလာကြေးအားလုံးကို ပြန်ပေးရသည်။ သားသမီးရပြီးမှ ဤသို့ကွာရှင်းလိုပါက မင်္ဂလာကြေးတစ်ဝက် ပြန်ပေးရသည်။

ခွာဆင်းမ်အမျိုးသားများ၏ လူပျိုလှည့်ပုံမှာ ရှေးက လူပျိုများသည် အပျို့အိမ်တွင် စုပြီး အိပ်ကြသည်၌ ယခုမူ အပျို့အိမ်တွင် မအိပ်ကြတော့ချေ။ လူပျိုတွေချည်း သီးခြားအိပ်ကြသည်။ ညအခါ၌ ကာလသားများ စုရုံးပြီး လူပျိုလှည့် သွားကြသည့်အခါ ဝါးဖြင့်ပြုလုပ်သော ပုလွေကို မှုတ်၍ အချစ်သီချင်း ဆိုကြသည်။ မိန်းမပျိုက မီးပုံဘေးတွင် ဝိုင်းထိုင်နေသော လူပျိုကာလသားများကို ဧည့်ခံစကားပြောရသည်။

ပထမတွင် မိဘများကပါ အတူရော၍ ထိုင်နေကြပြီး အတန်ကြာသော် မိဘများ အိပ်ရာဝင်ကြသည်။ ညဉ့်နက်လျှင် လူပျိုများပြန်ကြရသည်။ မျက်နှာအရိပ်အကဲဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြောင်း သိကြရလျှင် ကာလသားက မိဘကို ပြောပြပြီး မိဘက တောင်းရမ်းလက်ထပ် ပေးရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads