ခွာညိုပန်း

အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia

ခွာညိုပန်း
Remove ads

နွယ်ပင်များအနက် နှစ်သက်ဖွယ်ကောင်းသောအပင်မှာ ခွာညိုပင် ဖြစ်သည်။ ခွာညိုပင်အမျိုး ပေါင်း ၁ဝဝ မျှ ရှိ၏။ ထိုအပင်မျိုးမှာ နှစ်ကြာခံအပင်မျိုး ဖြစ်သည်။ အုတ်နံရံ၊ ခြံစည်းရိုး၊ သစ်ပင်တို့ကို နွယ်ပတ်၍ ပေါက်တတ်သည်။ မြန်မာနိုင်ငံရှိ ခွာညိုပင်ကို ရုက္ခဗေဒအလိုအားဖြင့် ကလီမက်တစ်ဆမီလာစီဖိုလီယာ (Clematis smilacifolia )ဟု ခေါ်သည်။ လူအများ စိုက်ပျိုးလေ့ရှိသော ခွာညိုမျိုးမှာ ပန်းဖြူမျိုးဖြစ်သည်။ အပွင့်များမှာ ဆွတ်ဆွတ်ဖြူ၍ အနံ့လည်း မွှေးသည်။ ခွာညိုပန်းပွင့်ချိန်တွင် တစ်ပင်လုံးမှာ ပွင့်ဖြူကလေးများ လွှမ်းနေ၍ ဝေဝေဆာဆာရှိသည်။ အပွင့်များ ပွင့်ပြီးနောက် အစေ့များသည် လေတိုက်ရာတွင် လွင့်ပါသွား၍ ပန်းမျိုး ဖြန့်ကြသည်။

အချက်တိုများ Clematis smilacifolia, မျိုးရိုးခွဲခြားခြင်း ...

ခွာညိုပန်ပြာမျိုးသည် ဂျပန်နိုင်ငံ၌ စတင်ပေါက်ပွားခဲ့သည်။ အခြားတိုင်းပြည်များက ထိုပန်းမျိုးကို ဂျပန်နိုင်ငံမှ မျိုးယူ၍ စိုက်ပျိုးကြသည်။ ခွာညိုပန်းပြာမျိုးသည် မြေဩဇာထက်သန် ကောင်းမွန်သော မြေတွင်သာ ဖွံ့ဖြိုးစွာ ပေါက်ရောက်နိုင်သည်။ ခွာညိုပင်သည် ဆေးဖက်ဝင်၏။ ခွာညိုပင်၏ ပင်စည်မှ အဆီကို ထုတ်ယူ၍ ဒူလာရောဂါများအတွက် အသုံးပြုလေ့ရှိကြ သည်။ ခွာညိုစေ့များကိုလည်း မီးယပ်နှင့် ဒူလာရောဂါများ အတွက် ဘယဆေးများတွင် အသုံးပြုလေ့ရှိကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads