ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် ဗုံးပေါက်ကွဲမှု
From Wikipedia, the free encyclopedia
Remove ads
ကိုရီးယားသမ္မတနိုင်ငံ ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ၁၉၈၆ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုနေ့သည် ၁၉၈၆ အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ရန် ၆ရက်အလို ဖြစ်သည်။ ထိုစဉ်က ဂင်ဖိုလေဆိပ်မှာ ဆိုးလ်မြို့၏ နိုင်ငံတကာ ဝင်ထွက်ပေါက်ဖြစ်ကာ အဓိကလေဆိပ်ဖြစ်သည်။ ထိုဖြစ်စဉ်တွင် (၅)ဦး သေဆုံးပြီး လူ(၃၀)ကျော် ဒဏ်ရာရခဲ့သည်။
ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) မှ လုပ်ဆောင်ခြင်းဖြစ်ကာ ထိုလုပ်ရပ်အတွက် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) ဘက်မှ အပြစ်တင်ခဲ့သည်။ မြောက်ကိုရီးယားသည် အာရှအားကစားပြိုင်ပွဲ ကျင်းပခြင်းကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်း ဟု တောင်ကိုရီးယားဘက်မှ ပြောဆိုခဲ့သည်။ ဆိုးလ်မြို့သည် ၁၉၇၀ပြည့်နှစ်တွင် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ရှိခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ခြိမ်းခြောက်ခဲ့သဖြင့် လက်လွှတ်ခဲ့ရပြီး ၁၉၈၆ခုနှစ်တွင်မှ ပြန်လည်လက်ခံကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံမှလွဲ၍ မြန်မာနိုင်ငံအပါအဝင် ကျန် ကွန်မြူနစ်နှင့် ဆိုရှယ်လစ် တိုင်းပြည်များမှ သပိတ်မှောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
ဤပေါက်ကွဲမှုသည် ၁၉၈၃ခုနှစ်တွင် မြောက်ကိုရီးယားဘက်မှ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု နှင့် ဆင်တူကြောင်း တောင်ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။[၂] ၁၉၈၇ခုနှစ်တွင် ကိုရီးယားလေကြောင်းလိုင်းမှ လေယာဉ်ကိစ္စအပါအဝင် မြောက်ကိုရီးယားဘက်မှ လုပ်ဆောင်ခဲ့သော ဖောက်ခွဲမှုများကြောင့် တောင်ကိုရီးယားအနေဖြင့် ၁၉၈၈ခုနှစ်တွင် လက်ခံကျင်းပသည့် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြရသည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads