ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်

ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိ နိုင်ငံတကာလေဆိပ် From Wikipedia, the free encyclopedia

ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်map
Remove ads

ဂင်ဖိုအပြည်ပြည်ဆိုင်ရာလေဆိပ်သည် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့အနောက်ပိုင်းတွင်တည်ရှိကာ အင်ချွန်းလေဆိပ်မတိုင်ခင်အထိ ဆိုးလ်မြို့၏အဓိကလေဆိပ် ဖြစ်သည်။

Thumb
နိုင်ငံတကာဂိတ်
အချက်တိုများ Gimpo International Airport김포국제공항金浦國際空港 Gimpo Gukje Gonghang, အချက်အလက်များ ...
Remove ads

သမိုင်း

Thumb
F51များ(၁၉၅၀)

လေယာဉ်ပြေးလမ်းကို ၁၉၃၉-၁၉၄၂ ဂျပန်ခေတ်တွင် ဆောက်ခဲ့သည်။

Thumb
Thumb

၁၉၅၈တွင် ဂင်ဖိုလေဆိပ်အဖြစ် ပြန်လည်တည်ဆောက်ကာ ​ယောယီဒိုလေဆိပ်ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ဆိုးလ်မြို့၏ အဓိကဝင်ပေါက် ဖြစ်လာသည်။ ၁၉၇၁ တွင် ပြည်ပနှင့် ပြည်တွင်းပေါင်းစပ်ထားသော ဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၇ တွင် ဂိတ်အသစ် ဆောက်လုပ်ပြီး၍ အဟောင်းကို ပြည်တွင်းအတွက်သာ ထားခဲ့သည်။ မကြာမီ ပြည်ပဂိတ်(၂)အသစ်ကို အိုလံပစ်အတွက် ဖွင့်လှစ်ခဲ့သည်။

သို့သော် လေယာဉ်များအတွက် နေရာအခက်အခဲဖြစ်လာသည်။ ၁၉၈၀တွင် ထပ်မံတိုးချဲ့ရန် မြေနေရာမရှိတော့၍ ပြဿနာများစွာ ရှိခဲ့သည်။ အဓိကပြဿနာတစ်ခုမှာ ညမထွက်ရအမိန့်ကြောင့် ဆိုက်ရောက်၊ ထွက်ခွာများ တင်းကျပ်ခဲ့သည်။

ထို့ကြောင့် အစိုးရအနေဖြင့် လေဆိပ်အသစ်ကို တည်ဆောက်ခဲ့သည်။ လေဆိပ်အသစ်အတွက် နေရာများစွာရွေးခဲ့ပြီး နောက်ဆုံးတွင် အင်ချွန်းမြို့ ရန်ဂျူးကျွန်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ၂၀၀၁ တွင် ထိုအင်ချွန်းလေဆိပ်ဖွင့်အပြီး နိုင်ငံတကာလေကြောင်းလိုင်းအားလုံး ပြောင်းသွားကာ ဂျင်ပိုမှာ ပြည်တွင်းဂိတ်သာ ကျန်ခဲ့သည်။

သို့သော် ၂၀၀၃တွင် ဂျပန်နိုင်ငံ ဟာနဲဒါလေဆိပ်သို့ ပြေးဆွဲခဲ့သည်။ ထိုစဉ်မှစ၍ အိမ်နီးချင်းနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့သည်။

ဂိတ် ၃ ခုလုံး ခေတ်မမှီတော့၍ ပြုပြင်ရန် မာစတာပလန် ရေးဆွဲခဲ့ကြသည်။ ၂၀၁၇ တွင် ပြီးခဲ့သည်။

ယခုတွင် လေယာဉ်ပြေးလမ်း ၂ ခုရှိကာ ခရီးသည်ဂိတ် ၂ ခု၊ ကုန်ဂိတ် ၁ ခုတို့ ရှိသည်။

Remove ads

လေကြောင်းလိုင်းများ

Thumb
Asiana Airlines Airbus A321-200 at Gimpo International Airport
Thumb
Jin Air Boeing 737-800 take off at Gimpo International Airport
Thumb
Korean Air Boeing 737-800 at Gimpo International Airport

ပြည်တွင်း

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...

ပြည်ပ

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...

ကုန်

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Remove ads

အချက်အလက်များ

Thumb
ပြည်ပဂိတ်
Thumb
ပြည်တွင်းဂိတ်

မြေပြင်ဆက်သွယ်ရေး

ရထား

၂၀၀၇ မတ်လ၂၃ တွင် အဲရက် လေဆိပ်ရထားမှ အင်ချွန်းလေဆိပ်၊ ၂၀၁၀ ဒီဇင်လာတွင် ဆိုလ်းဘူတာတို့နှင့် ဆက်သွယ်ထားသည်။ ဂန်းနမ်သို့လည်း မြေအောက်ရထားလိုင်း အမှတ် ၉ နှင့်ဆက်သွယ်ထားသည်။

Thumb
ပြည်ပထွက်ခွာဂိတ်

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads