ဂမ်မာရောင်ခြည်
From Wikipedia, the free encyclopedia
Remove ads
ဂမ်မာရောင်ခြည်အား ဂရိစာလုံးအသေး ဂမ်မာ (γ or ) ဖြင့် အမှတ်အသားပြုသည်။ ၎င်းသည် ကြိမ်နှုန်းအလွန်မြင့်မားသော လျှပ်စစ်သံလိုက်ရောင်ခြည်ဖြစ်၍ စွမ်းအင်မြင့်မားသော ဖိုတွန်များပါရှိသည်။ ၁၉၀၀ ခုနှစ်တွင် ပြင်သစ် ဓာတုဗေဒနှင့် ရူပဗေဒ ပညာရှင် ပေါလ် ဗီလာဒ် ဆိုသူက ရေဒီယမ်သတ္တုကို လေ့လာရင်း ဂမ်မာရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂမ်မာရောင်ခြည်အား အားနက်စ် ရူသာဖို့ဒ်က အမည်ပေးခဲ့ခြင်းဖြစ်သည်။ ရူသာဖို့ဒ်သည် ယခင်တည်းက အခြား ရေဒီယိုသတ္တိကြွပြိုကွဲခြင်း အမျိုးအစား နှစ်မျိုးဖြစ်သည့် အယ်လ်ဖာပြိုကွဲခြင်းနှင့် ဘီတာပြိုကွဲခြင်း များကို ရှာဖွေတွေ့ရှိခဲ့သည်။
ဂမ်မာရောင်ခြည်သည် အိုင်ယွန်ပြုရောင်ခြည် အမျိုးအစားတစ်ခုဖြစ်၍ သက်ရှိများကို အန္တရာယ်ဖြစ်သော ရောင်ခြည်ဖြစ်သည်။ အက်တမ်နျူကလိယသည် စွမ်းအင်မြင့် အခြေအနမှ စွမ်းအင်နိမ့် အခြေအနသို့ ပျက်ယွင်းသည့်အခါ ဂမ်မာရောင်ခြည်ကို ထုတ်လွှတ်ပြီး ၎င်းဖြစ်စဉ်ကို ဂမ်မာပြိုကွဲခြင်းဟု ခေါ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads