ဂရင်းလန်ကျွန်း

From Wikipedia, the free encyclopedia

ဂရင်းလန်ကျွန်း
Remove ads

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်၌ အကြီးဆုံးကျွန်း ဖြစ်၏။ ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်းအတွင်းသို့ တစ်ကျွန်းလုံးလိုလို ကျရောက်နေသည်။ ဒေဗစ်ရေလက်ကြားနှင့် ဗက်ဖင်ပင်လယ်အော်တို့သည် ဂရင်းလန်ကျွန်းအား မြောက် အမေရိကတိုက်နှင့် ပိုင်းခြား၍ထားလေသည်။

အချက်တိုများ ဂရင်းလန် Kalaallit Nunaat (ကလာအ်လီဆပ်)Grønland (ဒိန်းမတ်), အချုပ်အခြာပိုင် နိုင်ငံ ...

ဂရင်းလန်ကျွန်း၏ ဧရိယာမှာ စတုရန်းမိုင် ၈၄ဝဝဝဝ မျှ ဖြစ်သည်။ အလျားမှာ မိုင် ၁၆ဝဝ ခန့်၊ အနံမှာ မိုင် ၇ဝဝ ကျော်ခန့် ဖြစ်သည်။ တစ်ဝက်ကျော်မျှသော မြေမျက်နှာပြင်ကို ထုထယ်ကြီးမားသော ရေခဲပြင်ဖုံးလွှမ်းနေသောကြောင့် တောင် ထိပ်များသာလျှင် ကွက်ကြား၊ ကွက်ကြားအားဖြင့် ရေခဲပြင် ပေါ်မှ ထိုး၍ ထွက်နေသည်။ ထိုရေခဲပြင်သည် နှစ်စဉ်တန်ချိန် ကုဋေ ၁ဝဝ ကျော်မျှလေးသော ရေခဲများကို ပင်လယ်ထဲသို့ ယူဆောင်ခဲ့သဖြင့် ပင်လယ်၌ မျောနေသော ရေခဲတောင်ကြီး များသည် ခရီးသွားသင်္ဘောများကို အန္တရာယ်ပြုနိုင်သည်။


ဂရင်းလန်၏ ကမ်းရိုး တန်းမှာ ကျောက်ထူထပ်၍ ကုန်းမြေတွင်းသို့ ရှည်လျားစွာ ဝင်နေသော ဖီအော့ခေါ် ရေမြောင်းကြီးများဖြင့်ပြည့်နှက်လျက်ရှိ သည်။ ဂရင်းလန်၏အရှေ့ဘက်ကမ်းခြေ၌ ရေအေးစီးကြောင်းတစ်ခု ဖြတ်၍ စီးနေသည်။ ထို့ကြောင့် လူမနေနိုင်လောက်အောင် အအေးလွန်ကဲသည်။ အနောက်ဘက်ကမ်းခြေမှာ အနည်းငယ်နွေး သဖြင့်၊ သစ်ပင်ပန်းမာလ်များ စိုစိုပြည်ပြည်ရှိ၏။ ၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအရ ဂရင်းလန်တွင် လူပေါင်း ၅၆၅၈၃ ဦးခန့် နေထိုင်သည်။ ယခုအခါဂရင်းလန်းကျွန်းတွင်နေထိုင်သူ ၅၆၆၆၉ ဦးကျော်ခန့်ရှိသည်။ ထိုလူဦးရေထဲတွင် ဂရင်းလန်ကျွန်းသား အမြောက် အမြားပါဝင်၍ ဒိန်းမတ်လူမျိုး အနည်းငယ်သာရှိသည်။ ကျွန်းသား များမှာ အအေးဒဏ်ခံနိုင်သော အက်စကီးမိုးများ ဖြစ်ကြ၍ ကမ်းရိုးတန်းတစ်လျှောက် ဆီးနှင်းထဲတွင် နေထိုင်ကြသည်။


ထိုကျွန်းသားတို့သည် ကူးသန်းသွားလာရေး အတွက် ခွေးဆွဲစွပ်ဖားနှင့် ဖျံရေဖြင့်ချုပ်လုပ်သော ကယက်ခေါ် လောင်းလှေများကို အသုံးပြုကြသည်။ အလုပ်အကိုင်မှာ တံငါ အလုပ်ပင် ဖြစ်၏။ သို့သော် မြေခွေး၊ ဝက်ဝံ အစရှိသော သားကောင်များကို ဖမ်းဆီးခြင်းဖြင့်လည်း အသက်မွေးမြူကြ သည်။

ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံနှင့် ကူးသန်းရောင်းဝယ် သည်။ ကရိုင်အိုလိုက်ခေါ် သတ္တုတစ်မျိုးကို တင်ပို့ရောင်းချ သည်။ ကျောက်မီးသွေး၊ ကြေးဝါ၊ ရွှေနှင့် သံတို့ကို ကျွန်းပေါ် တွင် တွေ့ရှိရသည်ဟု ဆိုသည်။ အခြားထွက်ကုန်တို့မှာ ဝေလငါး အစိုနှင့် အခြောက်ကုန်၊ ငါးကြီးဆီ၊ ငှက်သိုက်၊ သားမွေးနှင့် တိရစ္ဆာန်တို့၏အရေများ ဖြစ်သည်။ ထိုကျွန်းကို ရှေးအခါကပင်လျှင် စကန်ဒီနေဗီးယန်း လူမျိုးတို့က သိရှိခဲ့သည်။ ခရစ် ၁၅၈၅ ခုနှစ်တွင် အင်္ဂလိပ် လူမျိုးတို့က ထပ်မံတွေ့ရှိသည်။

ရှေးအခါက ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံအစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၅ ရက် နေ့တွင် ယင်းကိုလိုနီစနစ်ကို ဖျက်သိမ်း၍ ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံထဲသို့ သွတ်သွင်းခဲ့လေသည်။ ဂရင်းလန်ကျွန်း၌ မဲဆန္ဒနယ် ၂ နယ်ရှိရာ တစ်နယ်မှ ကိုယ်စားလှယ်တစ်ဦးကျကို ဒိန်းမတ်လွှတ်တော်သို့ စေလွှတ်ခွင့်ရှိသည်။

[၁၀]

Remove ads

မှတ်စု

  1. Nuna asiilasooq has equal status as a regional anthem but is generally used only on the self-government of Greenland.[]
  2. ဂရင်းလန်ဘာသာစကားသည် ၂၀၀၉ ခုနှစ်မှ စ၍ ဂရင်းလန်၏ ရုံးသုံးဘာသာစကားဖြစ်သည်။[][]
  3. As of 2000: ၄၁၀,၄၄၉ km2 (၁၅၈,၄၇၅ sq mi) ice-free; ၁,၇၅၅,၆၃၇ km2 (၆၇၇,၈၅၅ sq mi) ice-covered.
    Density: 0.14/km2 (0.36 /sq. mi) for ice-free areas.

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads