ဂိုရယ်မဲ အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
ဂိုရယ်မဲ အမျိုးသားဥယျာဉ် သည် တူရကီနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၀၀ စတုရန်းကီလိုမီတာ (၃၉ စတုရန်းမိုင်) မျှ ရှိပြီး နက်ဗ်ရှီဟာ ပြည်နယ်တွင် တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် ဂိုရယ်မဲ အမျိုးသားဥယျာဉ် နှင့် ကပ်ပါဒိုရှာ ကျောက်ထွင်းဒေသ အမည်ဖြင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်းခြင်း ခံရသည်။ ထိုဥယျာဉ်တွင် ကျောက်တုံးထူထပ်ပြီး ရေလေတို့ တိုက်စားခြင်းခံထားရသော ရှုမျှော်ခင်းများနှင့် မြေအောက်တွင် အချင်းချင်း ဆက်သွယ်ထားသော ရှေးခေတ် ကွန်ယက် လှိုဏ်ခေါင်းများကြောင့် ထင်ရှားသည်။.[၁]

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads